Chapter 32
ဖုန်းကို ကြည့်ရင်းပြုံးနေသည့် Demoကြောင့်
“မနေ့ကပဲ ဖုန်းတွေကို တလုံးပြီး တလုံးပေါက်ခွဲပြီး ရန်သူကြီးကျလို့ ၊ ခုကျတော့လဲ ဖုန်းကို လက်ထဲက မချဘူး၊ ကြည့်ပြီး ပြုံးနေလိုက်တာများ သူ့ချစ်သူကျလို့”
ဘေးကနေ ပွစိပွစိနှင့် ပြောနေသည့် ကျော်ဇင့်ကြောင့် Demoမှာ အော်ရီမိတော့သည်။
“ဖုန်းက ချစ်သူမဟုတ်ဘူး၊ ဖုန်းထဲက ချစ်သူကြောင့် ပြုံးနေတာ၊ ဒါတွေ မင်းတို့လိုFAတွေ နားမလည်ပါဘူး”
“ဖြစ်ရလေဗျာ၊ နားရှိလို့သာ ကြားရတယ်”
“ဘာလဲပြော ပြော၊ မင်းပြောစရာရှိလို့လာတာမလား”
“ကိုဇေယျာက သူ့ဆီလာခဲ့ဦးတဲ့”
“အခုလား”
“အားတဲ့အချိန်တဲ့”
“အခု သွားမယ်လေ လာ”.
ကားပေါ်ရောက်တော့ လွန်းဆီ ဖုန်းဆက်လိုက်သည်။
“Hello လွန်း”
“အွန်း ထင်လင်းပြောလေ”
“အာ ထင်လင်းပဲလား”
“အဟင်း ထင်လင်းကို ထင်လင်းမခေါ်လို့ လွန်းက ဘယ်လိုခေါ်ရမှာတုန်း”
“လွန်း မညစ်နဲ့ကွာ”
“မညစ်ပါဘူး၊ ကဲ ပြော ဒါနဲ့ လိုရင်းမရောက်တော့ဘူး၊ ဒီကိစ္စအတွက်နဲ့ ဖုန်းဆက်တာ မဖြစ်နိုင်ဘူး”
“အဟီး ဟုတ်တယ်”
“လွန်းဆီက ခွင့်တောင်းချင်လို့”
“ဘာကိုလဲဟင်”
“ကျနော့ချစ်သူက လွန်းပါဆိုတာကို လူတွေသိလဲရလား ဒါမှမဟုတ် ကျနော် လျို့ဝှက်ပေးထားရမလားလို့”
“လွန်းက အဆင်ပြေပါတယ်၊ ထင်လင်းအတွက် အဆင်ပြေမဲ့နည်းကိုပဲ လုပ်ပါ၊ လွန်းအတွက်က လူသိခြင်း မသိခြင်းထက် ထင်လင်းစိတ်က ပိုအရေးကြီးတယ်”
“ကျနော့စိတ်က လွန်းကို ချစ်တာလေ”
“လွန်းလဲ ထင်လင်းကို ချစ်တယ်”
“တကယ်နော်”
“တကယ် တကယ် ရောက်ပြီ ဆင်းဦး ပြီးမှဆက်ပြော”
ကြားဖြတ်၀င်လာသည့် ကျော်ဇင့်အသံကြောင့်
“ဟာ ဟေ့ရောင် တိုးတိုး၊ သာသနာမဖျက်နဲ့”လို့ လှည့်အော်လိုက်သည်။
ယောင်္ကျားကြီးတန်မဲ့ မျက်စောင်းထိုးထွက်သွားသည့် ကျော်ဇင့်ကို ရီလိုက်မိရင်း
“အော် လွန်း ပြီးမှပြန်ဆက်မယ်နော်”
“အင်း အေးအေးဆေးဆေးမှ ပြန်ဆက် ၊ အာ့ဆို ဒါပဲနော်”
“အော် လွန်း ခန”
“အင်း ပြောလေ”
“လေယာဉ်လက်မှတ်က”
“Cancelလိုက်ပြီ အဟိ ၊ မပြန်တော့ဘူးလေ”
“Oh yes! Bye ချစ်တယ်နော်”
ဖုန်းချလိုက်ပြီး ကိုဇေယျာ့အခန်းထဲ ၀င်လိာက်သည်။
“အဆင်ပြေလား”
“ပြေပါတယ် အကို”
“ဘာကို ပြေတာလဲကွ”
“မသိဘူးလေ ၊ အကိုပဲ အဆင်ပြေလားဆိုလို့၊ ကျနော့ အတွက် အကုန်အဆင်ပြေနေတာပဲ”
“အချစ်ရေးရောမလား”
“အဟီး”
“အဲ့ဒီတော့ ဘယ်လို စီစဉ်ထားလဲ”
“ကျနော် ဖွင့်ပြောချင်တယ်”
“အိုကေ Companyဘက်က Official Statementထုတ်ပေးရမှာလား”
“မဟုတ်ဘူး၊ ကျနော် Concertမှာ ဖွင့်ပြောမှာ”
“ဟား ဟား ဟုတ်ပါပြီကွာ”
“အကိုက လွန်းကို တာ၀န်ယူပြီး ခေါ်ခဲ့ပေးနော်”
“အင်း မင်းကို ကျေးဇူးတင်ပါတယ်ကွာ၊ အဲ့နေ့က မင်းသာမရောက်ရင် လွန်းက မြတ်လေးကြောင့် နစ်နာရမှာ”
“ရပါတယ်ဗျာ ၊ ကျနော်က ပိုကျေးဇူးတင်တာပါ ၊ အကိုနဲ့ လင်းထက်ကြောင့် မဟုတ်ရင် ကျနော် အဲ့ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမှန်းမသိဘူး”
“အဲ့တာဆို လင်းထက်ကို ကျေးဇူးတင်၊ သူ့အဆက်အသွယ်တွေနဲ့ သူရအောင် လုပ်သွားတာ”
“အဲ့ကောင်လဲ သေချာကျေးဇူးတင်ရဦးမယ်”
“အိုကေ Concertအောင်မြင်ပါစေ”
“ကျေးဇူးပဲ အကို”
YOU ARE READING
ချစ်မိသွားတဲ့အခါ
Romanceကျနော်က ဘ၀မှာ သီချင်းတွေ ဖန်တီးနေရရင် ပျော်တယ် ၊ ကျနော့အတွက် ဘာမှ မလိုအပ်တော့ဘူး "အချစ်?? ဟုတ်လား?မလိုအပ်ပါဘူး ကျနော့်အတွက် " အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ ၊ သီချင်းတွေ ဖန်တီးနေရရင်ပျော်တဲ့၊အေးတိအေးစက် ဂျစ်ကန်ကန်ကောင်လေးက အချစ်နဲ့တွေ့ခဲ့ရင်ရော??????