လေး.တရားဝင်မောင်လို့ခေါ်
ဖုန်းနံပါတ်တောင်းသွားသောလည်း ဖုန်းနံပါတ်အစိမ်းဖြင့် ဖုန်းခေါ်ဆိုမူအဝင်ကိုမဆိုနှင့်၊စာလေးတစ်စောင်တောင် ဝင်မလာခဲ့သည်မှာ ဤနေ့ဆို လေးရက်မြောက်ဖြစ်နေပါပြီ။
ဒီလိုနှင့် သူတို့တွဲသည်ဟုအမည်ခံသာ တစ်လပြည့်သွားလောက်မည်၊ကြည့်ရသည်တော့ ဂျောင်ဟိုဆော့တို့က မောင့်အတွက်တော့ အပျင်းပြေအမည်တောင်မခံဟု ထင်ပါရဲ့။
မောင့်ရဲ့ IG story မှာတော့ Can't break up girl,Can't breakaway boy အမည်ရသည့် သီချင်းတစ်ပုဒ်၏ အစလေးကို တည်းဖြတ်တင်ထားလေ၏၊
လက်သွယ်သွယ်လေးကိုလက်ရှည်သွယ်သွယ်ကအုပ်ကိုင်ထားသည့်ပုံကို နောက်ခံထားပုံအရတော့ ဟိုဆော့ ထပ်မတွေးတော့ပါ၊မျက်မှန်ကိုအသာချွတ်ရင်း အိပ်ဖို့သာ ပြင်လိုက်သည်။'တောင် '
ပိတ်ကျလုဆဲဆဲ မျက်ခွံတွေသည် ပိုင်ရှင်အမိန့်ကိုဖီးဆန်ကာ ပွင့်လာပါ၏၊တစ်ဒိတ်ဒိတ်ခုန်နေသည့် ရင်အစုံကြောင့် ယခင်မှ အိပ်ရာနိုးတိုင်း မလွဲပဲ စမ်းမိသည့် မျက်မှန်သည် သုံးခါလောက်စမ်းလိုက်ရ၏၊ဖုန်းကိုကောက်အကိုင်ပြီးမှာတော့ မျှော်လင့်ထားသည့်ဆီမှမဟုတ်မည်ကို စိုးရိမ်သဖြင့် ပိတ်ကျနေသည့်စခရင်ကို တုန်လှုပ်စွာစိုက်ကြည့်ရသေးသည်။
-' ကိုယ်တို့ မနက်ဖြန် movie date မလား? '
ဖုန်းနံပါတ်အစိမ်းကြောင့် မောင်မဟုတ်မည်ကို မစိုးရိမ် ဒါသေချာပေါက် မောင်ပါလေ။ အတွေးက ဘယ်အထိများ လွန်သွားပါလိမ့်၊နောက်တစ်ကြိမ် စာဝင်သံကြားမှ ဝိညာဉ် က ကိုယ်ထဲ ပြန်ဝင်လာသလိုပင်။
-' ဟင် မသွားဘူးလားကွာ '
လက်ကအမြန်ပင် typing လိုက်မိသည်။
တော်ကြာမောင် စိတ်ပြောင်းသွားပြီး လမ်းပါခွဲသွားရင် ဘယ်လိုလုပ်မလဲ၊ Can't break up ဆိုတဲ့ သီချင်းက သူနဲ့ သက်ဆိုင်နေသည်မှ မဟုတ်တာ။-'မဟုတ်ဘူး သွားကြမယ် '
တုံးတိတိများ အရမ်းဖြစ်သွားသလား၊ဟိုဆော့ လက်မကို အသာကိုက်၍စဥ်းစားခန်းဝင်နေစဥ် နောက် စာတစ်စောင်ဝင်လာသည်။