~B~

1.8K 220 66
                                    

နှစ်ဆယ့်ငါး.တကယ်ပဲ ချစ်နေကြရုံပဲ လိုသလားဆို

~အောက်အီးအီးအွတ် ~

မနက်ခင်းရဲ့ တေးသံသာကို လေးနာရီလောက်တွင် နံဘေးခြံဝင်းမှ ကြက်ခြံကြက်ဖအော်သံနှင့် အစပြုသည်။ရင်ခွင်တွင်း အေးချမ်းစွာ အိပ်ပျော်နေသည့် အကို့ကို အသာ တစ်ဖက်ခေါင်းအုံးဆီရွှေ့ပေးတော့ အကိုက အအိပ်ဆတ်ပုံရသည် ချက်ချင်းနိုးလာလေသည်။

"အင်း မောင် ဘာလို့ အစောကြီးထတာလဲ "

"အကို ဆက်အိပ်လေ မောင် ရွာစျေးသွားပြီး ချက်စရာသွားဝယ်မလို့ "

အကိုဟာ တော်တော်လေးကို သူနှင့်ပတ်သက်ရင် ဇွဲကြီးသည်ဟုပြောရမည်လား ၊ချက်ချင်းကို ခေါင်းခါပြီး မွေ့ယာခင်းတွေခေါက်သိမ်းနေလေတော့ သူ့မှာ တားပင်မဲ့ မြန်မြန်ပြီးအောင် နှစ်ယောက်တူတူခေါက်မယ်ဟု ပြောလေသည်။

လေးနှစ်တာ နိုင်ငံခြားအတွေ့အကြုံက ကြုံရာကျပန်းတော်တော်များများကို သူလုပ်တတ်ပါသည်။တစ်ခါတစ်လေ အမေရိကမြောက်ဖက်ပိုင်း ဒေသမှ စိုက်ပျိူးမွေးမြူရေးခြံတွေဆီ ဓာတ်ပုံသွားရိုက်တဲ့အခါမျိုးတွင်တော့ အပင်စိုက်နည်း ၊အကောင်မွေးနည်းတွေကို လေ့လာခဲ့၍ ဤကျေးရွာဖက်လောက်က သူ့အတွက် ကိစ္စမရှိတော့ပင်မဲ့ အကိုကတော့ ဆိုလ်းမှ ထွက်ကာစပဲရှိသေး၍ ရွာဖက်နှင့် အသာကျနေသည့်ပုံမပေါ် ။အကို့မိဘတွေက အကို့ကို ယုယုယယပျိုးထောင်ထားမှန်းသိသာပါရဲ့ ။

"မောင် သွားတိုက်တံထုတ်တွေကော "

အခုထိ အထုတ်တွေမဖြည်ရသေး၍ အိမ်ရှေ့မှာ ပြန့်ကျဲ့နေသည့် အထုတ်တွေကြား တစ်ကိုယ်ရေတစ်ကာယသုံးပစ္စည်းထုတ်ကို ရှာဖွေရတော့သည်။

"တွေ့ပြီ အကို "

သွားတိုက်တံများကိုယူရင် ခြံပြင်ထွက်တော့ တောဒေသဖက်က လေက ခပ်အေးအေး ၊ ဆောင်းရာသီနှင့်တဖြေးဖြေးနီးကပ် လာ၍လေအေးနေခြင်းလားတော့မပြောတတ် ။

ရေချိုးကန်ထဲ ​ခြင်းသေးသေးလေးလုပ်ပြီး ဆပ်ပြာတုံးနှင့် shampoo ဗူးကိုတင်ပြီး ရေတွင်းနားမှာ ကန်နားသစ်ပင်ဘေးစင်သေးသေးလေးလုပ်ထားသည့်အပေါ် သွားတိုက်တံခြင်းကို ကပ်ထားလိုက်သည်။ ကြိုးဆွဲဗုံးဖြင့် ရေငင်ပြီး ကန်အတွင်း ရေအဖြည့်အပြီးလောက်မှ အကို့ကို မျက်နှာသစ်ရန် ခေါ်လိုက်တော့ သည် ၊အိပ်ရေးမဝသေးပုံပေါ်နေပင်မဲ့ ရေတွင်းနားကို မျက်လုံးနှင့်လက်တို့တစ်သားထဲဖြစ်အောင်ပွတ်သတ်ရင်း လျှောက်လာလေသည်။

မောင့်သဘော||VOPE||✓Where stories live. Discover now