~A~

1.8K 266 106
                                    

ခုနှစ်.မောင်လိမ်တယ်

အိပ်ရေးပြတ်ညတွေဆက်ပါသည်။
ဒီနေ့ဟာ မောင်သူနှင့်တွဲကြရအောင်လာပြောသည့်သုံးလပြည့်နေ့လည်းဖြစ်ပါသည်။စတွဲဖြစ်သည့် သုံးလပြည့်နေလည်းဖြစ်၏။

ရယ်စရာ‌ပြောရပါမည်ဆိုလျှင် ထိုနေ့ဘတ်စ်ကားဂိတ်အဖြစ်မှလွဲ၍သူတို့အကြားထပ်တွေ့ဖြစ်ခြင်းလည်းမရှိသလို စာအဆက်အသွယ်လည်းမရှိပေ။ဖုန်းအ‌ပြောအဆို ဆိုပါကပို၍တောင်ဝေးပါသည်။

ထပ်၍ရယ်စရာပြောရပါလျှင် ထိုအမျိုးသမီး၏ဆွေမျိုးတော်သူသည် သူတို့ရပ်ကွက်ထဲမှာပဲရှိ၍ ထိုတနေ့ ညအိပ်ခြင်းကို လာကြိုသည့်အပေါ် မောင်က သူ့အားခုတုံးလုပ်လိုက်ခြင်းပါပေ။

ထိုနေ့ပြီးကတည်းက အနည်းဆုံးတော့ သူ့ဆီဖြေရှင်းချက်ပေးလောက်မည်ဟု တွေးထင်မိသောလည်း သူကိုယ်တိုင်သိသည့်အတိုင်းပင် မောင့်အတွက်ငါက အရေးမပါပေ။

ဒါဖြင့်လည်း ဟူသည့်အတွေးတွေကိုသူဆက်မတွေးဖြစ်။တကယ်ဆို ဒီခေါင်းစဥ်အောက်မှာ ငါကအရူးလိုပျော်မိသွားပြီမဟုတ်ပါလား။

ဒီနေ့တော့ သူအနည်းဆုံး စာလေးတော့ပို့ချင်သည် ။

-'ဒီနေ့ ငါတို့ သုံးလပြည့်လေ တွေ့ကြမလား....မောင် ~'

ချိတုန်ချတုန်နှင့်ပင် စာတစ်ကြောင်းတော့ အနိုင်နိုင်ရိုက်ပို့လိုက်သည်။တကယ်ဆို ဒီအချိန်ဆိုတာ စာမေးပွဲနီးပြီဖြစ်၍ စာအုပ်ကိုင်နေသည့်အချိန်ဖြစ်သင့်နေသောလည်း မျက်စိပွင့်ပွင့်ချင်းကိုင်မိတာ သွားတိုက်တံလည်းဟုတ်မနေ ဖုန်းသာဖြစ်သည်။

ဟုတ်သားပဲ။ မောင်က ငါမျက်ကပ်မှန်တပ်ဖြစ်သွားတာကော စတိုင်အနည်းငယ်ပြောင်းဖြစ်သွားတာကိုလည်း မမြင်ဖြစ်သေးဘူးပဲ။ဘာသာရပ်တူပါလျက်ဟုမေးပါက မောင်တက်နေသည့်ဘာသာသည် မောင့်ရည်းစားဟောင်းတက်သည့်ဘာသာဖြစ်ပုံရပါသည်။
မောင်က သူ့ကိုတွဲကြမလား ဟုမေးသွားသည့်အချိန်သည် လျှို့ဝှက်ချက်တော့မဟုတ်ပေ။

ပြောင်းလဲလာသည့် စတိုင်နှင့် လူဝင်မူအပေါင်းအသင်းကို ကျယ်ဖြန့်လိုက်သည့်အချိန်မှာတော့ မောင့်ကိုသူချစ်နေမှန်းသိသည့် အပေါင်းအသင်းတွေက ထိုအတင်းအဖျင်းကို သူ့နားတွင်းရောက်အောင်သယ်ဆောင်လာပါသည်။
ကန်းသည့်သူထက် ကန်းချင်ယောင်ဆောင်သူက ပိုဖြောင်းဖြရခက်သည်ဆိုသည့်အတိုင်း ပြောသောလည်း နားမဝင်သည့်သူ့ကိုလည်း လွှတ်ထားရမလိုလို ဆွဲပဲ ခေါ်ရမလိုလို အားမလိုအားမရဖြစ်နေသည်ကြောင့် ငါ့မှာ ရယ်ရခက်ငိုရခက်။

မောင့်သဘော||VOPE||✓Where stories live. Discover now