နှစ်ဆယ့်ရှစ်.ချစ်ပါတယ် မောင့်ကို
တီတီတာတာပြောတတ်သည့် သူမဟုတ်တော့ မောင်များ တစ်နေ့နေ့ငြိုငြင်သွားလေမလား။
သတင်းနဲ့အတင်းအမြဲထပ်တူကျနေကြသဖြင့် တမြန်နေ့မှ ဒယ်ဂူမြို့သတင်းအဖျင်းခေါင်းစည်းတွင် မောင့်လိင်တူလက်ထပ်ခြင်းသတင်းပါသည်။တကယ်ဆို သူတို့ထိုနေ့ကမှ လက်ထပ်မှတ်ပုံတင်ခဲ့ခြင်းမဟုတ်လား ။ဖုန်ထူသည့်လမ်းကြောင့် mask တပ်ထားသည့်နှစ်ဦးသားအား mask မတပ်ထားလည်း သူတို့သိကြမည်မဟုတ် ၊ ရေချိုးဆပ်ပြာဖြင့်သာ ရက်ဆက်မျက်နှာသစ်လာကြသည့် မောင်နှင့်သူ့မျက်နှာတွင် ဝက်ခြံတောင်ပြွတ်နေပြီ ဖုန်နှင့်ထိတွေ့လိုက် မြေကြီးနှင့်ထိတွေ့လိုက်ဖြင့် ချောမွေ့နေမှသာ အံ့စရာဖြစ်မည်။ ဒါကြောင့် မောင်က medicine နှင့်ပတ်သတ်သည့် ဆိုင်တွင်းဝင်ပြီး သူကတော့ တစ်ဖက်လမ်းမှ cosmetics နှင့်ပတ်သက်သည့်ဆိုင်တွင်းဝင်ဖြစ်လိုက်သည်။
မောင်က အပြောနှင့်ညီစွာ တစ်ဆိုင်လုံးမှပစ္စည်းပြတ်အောင် 'မ' လာသလားမသိ၊ဆေးဘူးနှင့်တူစွာပင်ဆေးဘူးမဟုတ်သောဘူးများ။ ယောကျာ်းဘသားများပီပီတော့ လိုအင်ဆန္ဒများရှိကြသည်ပေါ့။ငါက မောင်ဖြစ်နေသ၍ မောင်စိတ်တိုင်းကျ မောင်အလိုရှိသည့်နေရာပေါ့။ သေချာပေါက် လိုအပ်သည့်ဆေးဝါးတွေပါဝယ်လာသည်၊ fore play လုပ်ရန်လိုသည့်ပစ္စည်းမှအစ after play အဆုံးအထိ လိုလေသေးမရှိ၊
တက်ဖိလိုက်လို့ပြီးသွားတဲ့ကိစ္စတွေမှမဟုတ်ပဲ
လိုသည်ပိုသည်မရှိ ကြိုတင်ကာကွယ်သည်သာရှိရမည်။" မောင် အင်္ကျီချိတ်ဝယ်ရအုံးမယ် "
ဝါးကိုတန်းလုပ်၍ထားပင်မဲ့ ချိတ်မရှိတော့ နေရာကျပ်သည်။ထို့ကြောင့် ချိတ်ဝယ်မှတော့ဖြစ်မည်။
"ဒီမှာ မောင်ဝယ်လာပါတယ် "
ချိတ်နှစ်စုံစာကို အထုတ်အထည်များဖြင့်ဖုံးနေ၍မမြင်လိုက် ၊မောင့်ကို ပေါ့ပျက်ပျက်ယောကျာ်းသားဟု ဟိုဆော့ထင်ခဲ့မိပင်မဲ့ စေ့စပ်သေချာတဲ့ ယောကျာ်းဖြစ်နေသည်မှာတော့ ဟိုဆော့ အချစ်ကံကောင်းလွန်း၍ဖြစ်မည်။
"ရောက်တုန်းရောက်ခိုက် ဘာလုပ်ချင်သေးလဲ "
မနက်စောစောစီးစီးထွက်လာကြပြီး အခုအချိန် မွန်းတောင်တည့်နေပြီးဖြစ်၍ ဆောင်းဦးဝင်ခါစခြေလှမ်းကြောင့် အပူမရင့်သောလည်း ပင်ပန်းတာတော့ သိပ်မသက်သာလှ ၊ ဒါတောင် အပင်စိုက် အသီးခူးစောစောထနေကြဖြစ်ပြီး တစ်ခါတစ်လေ ခြံဘေးမှ အဒေါ်နှင့် ငါးသစ်ဖို့ လိုက်သွားသေးသည်။ကိုယ်တစ်နိုင်ကိုယ်တစ်ပိုင်သာဖြစ်၍ အပိုအလျှံဆိုလျှင် ရောင်းသာခိုင်းလိုက်သည်။စစပထမလိုက်တုန်း ဓနိတောမှ 'မရွ ' (အခွံချွန်ခရုပါပဲ ရွ လား ယွလား ဘယ်လိုရေးမှန်းသေချာမသိပါဘူး) ကောက်၍လာပြီး ရွံတောမှ နင်းမိသည့် ဂျယ်လီကဲ့သို့အရောင်စုံ တီတွေကို လန့်၍ တစ်လမ်းလုံး ခြေကိုမသတီဖြစ်ခဲ့ရသေးသည်၊ စားလို့ရသည်ဟုပြောလိုက်ပင်မဲ့ တကယ်တမ်းကျတော့ ဟိုဆော့ မျက်စိနှင့်တောင်စေ့စေ့မကြည့်ရဲပါပေ။ ထိုမျှလောက် မရပ်မနား ရွာမှာ လုပ်နေခဲ့ပင်မဲ့ Daegu လေးပဲတက်လာပြီး ခေတ္တမျှ လျှောက်ပတ်ဝယ်ရသေးပင်မဲ့ ဘာကွာလဲမသိ မောပန်းလာသည်။