~W~

1.9K 198 34
                                    

သုံးဆယ့်တစ်.ထင်ချင်ရာသာထင်နေ

"အကို ဟိုဆော့ရေ ရှိလားဗျ "

ဟော ကြက်မွေးရန်ကြက်ခြံလုပ်ဖို့ဆိုပြီး ဦးကြီးကင်မ်ရဲ့သား ကင်မ်ဘတ်ကို ခေါ်ထားသည်မှာ ရောက်လာပြီ၊ အေးနေပြီဖြစ်နေပင်မဲ့ စောင်မခြုံပဲ အိပ်ကောင်းတဲ့မောင့်ကို ခွကျော်ပြီး အင်္ကျီထူတစ်ထည်ကောက်ဝတ်ရသည် ။ ဒီကောင်လေးကို မနက်စောစော စီးစီး ခေါ်ထားမိတာ အေးရတဲ့ကြား သွားခိုင်ချင်နေသည့် ဟိုဆော့ကိုယ်ဟိုဆော့ အထင်ကြီးမိလွန်းသွားလေသလားပဲ စောက်ရမ်းချမ်းကွ၊

"အကို မောင့်ကို နိုးလေ "

ဆူအောင့်အောင်ကြီးနဲ့ အနွေးထည်မဝတ်ပဲ ထွက်လာသည့်မောင့်ခေါင်းကို စိတ်ရှိရှိနဲ့ကိုခေါက်ပစ်လိုက်သည်။မင်းဖျားရင် ငါတော့ မပြုစုနိုင်ပါဘူးနော် ။

"ဟက် ချီး ~ "

အသံဟိန်းကြီးဖြင့် နှာချေလိုက်တာကြောင့် ဟိုဆော့ တွေ့လားဟူသည့်အကြည့်ဖြင့် မျက်စောင်းထိုးတော့ သူ့နှုတ်ခမ်းကို ခပ်ဖွဖွ နမ်းသွားသည်၊ အာ ဒီမောင် တော့ဟု တွေးရင်း တန်းပေါ်က အနွေးထည်ကို ဆွဲယူဝတ်ပေးလိုက်ရသည်။ မျက်နှာသစ်ဖို့လား ကြက်ခြံတည်ပြီးမှ ပဲ နေတက်မှ သစ်တော့မယ် ။

" ငါ့ညီရေ အကိုတော့ ဝါးတွေ ဝယ်ထားပြီးပြီကွ "

"အကိုတို့ ဝါးနှီးတက်လား "

တကယ်တော့ ဟိုဆော့ ဘယ် နှီးတက်မလဲ မောင်က သူလုပ်တတ်သလိုလိုနဲ့ ဝင်လုပ်လေတော့ ၊လက်ပြတ်ရှရာတွေဖြစ်လာသည်။ ဝါးရှတာသွေးမထွက် သို့သော်စပ်ဖျင်းဖျင်းနဲ့နာသည်။

"တော်ပါတော့ အကိုတို့ မလုပ်တတ်လည်း ခဏစောင့် ဗျ သား ရွာလယ်က ဂျောင်ကြီးကိုသွားခေါ်ကူခိုင်းလိုက်မယ် "

"ဟုတ်ပြီကွာ အကို မင်းတို့ကို မုန့်ဖိုးပေးမှာပါ "

"ရပါတယ်ဗျ "

ပြေးထွက်သွားသည့် ကင်မ်ဘတ်လည်းမရှိတော့ရော မောင်က တံခါးချပ်တွေနောက်ပြန်ဆွဲလာပြီး နှုတ်ခမ်းနီအဆီဆိုးပေး၏။နှုတ်ခမ်းက အချမ်းနဲ့အတူခြောက်လာတော့လည်း အစိုဓာတ်ကို နှုတ်ခမ်းနီအကူဖြင့် ယူရသည်။

မောင့်သဘော||VOPE||✓Nơi câu chuyện tồn tại. Hãy khám phá bây giờ