~အချပ်ပို~

1K 127 14
                                    

အိမ်ထောင်သက်ကြာလေယောကျာ်းတွေအချိုးကပြောင်းလာလေပဲလို့ ဆိုစမှတ်ပြုကြပင်မဲ့၊
မောင်နဲ့သူ့ကြားကဆက်ဆံရေးကတော့
တစ်နေ့တစ်ခြားပိုတည်ငြိမ်လာကြတယ်ဆိုရမည်။

အချိုးပြောင်းတတ်ပါတယ်ဆိုတဲ့ ယောကျာ်းနှစ်ယောက်ပေါင်းလို့အိမ်ထောင်ရေးမြဲတယ် ဘယ်ဆိုထိုက်မလဲ၊လူရယ်ဖြစ်လာရင် ပြစ်ချက်တွေကြားထဲက နားလည်မှုရှာရတာပဲ။

ဘဝနဲ့အချစ်ယှဉ်ရင် ဘဝကပိုအရေးကြီးပါသောလည်း ဟိုဆော့ဘဝကမောင်ဖြစ်နေမှတော့
ဘာအရေးလဲ။

ချစ်စကားတိုးဖွဖွဆိုကြဖို့အချိန်တွေနည်းလာတာကလွဲရင် နှစ်ဦးသားအိမ်ပြန်ရောက်တာနဲ့ Social Media တွေရဲ့အဝေးမှာနေပြီး အလုပ်ကိစ္စလောက်သာအသုံးပြုတတ်ကြတာကြောင့် ထို့အတွက်အချိန်မယူသွား၊အားလပ်ရက်ကိုလည်းအကျိုးရှိရှိအသုံးချတတ်ကြသလို အိပ်ချိန်နှင့်အလုပ်နားချိန်ကြား ညအချိန်တွေကိုလည်း အေးတိအေးစက်မကုန်ဆုံးသွားပေ။

တစ်ခါတစ်လေ လေးနှစ်တင်းတင်းပြည့်သွားပြီဖြစ်သည့် တူအရွယ်ဆိုထိုက်သည့် မောင့်ရဲ့ညီလေးက
တခါတလေလာလာလည်တတ်တာကြောင့် ညီဆိုသည်မှာလည်း မောင်နှင့်သူ့အတွက် အမွေစားအမွေခံတစ်ယောက်လိုပင်။

မောင့်စတူဒီယိုကလည်းနာမည်ရှိလာသလို၊ဖက်ရှင်ဆိုင်ကလည်း နယ်ဖက်ထိတိုးချဲ့လာတော့ ခရီးဆိုတာ အားလပ်ရက်ရှည်တွေမှထွက်ဖြစ်တော့တာမျိုးပဲရှိတော့သည်။

အသက်နှစ်ဆယ့်ကိုးကျော်စဖြစ်သွားပင်မဲ့ နောက်နှစ်တွေဆို ထိပ်စီးပြောင်းပြန်အုံးမည့်နှစ်တစ်နှစ်ကိုထပ်ကြိုရအုံးမှာဆိုတော့ အသက်ကိုနည်းနည်းမကျေမနပ်ပင်မဲ့လည်း အချိန်ကရပ်နေတဲ့အမျိုးမှမဟုတ်တော့ ပျော်ပျော်ကြီးမောင့်ရင်ခွင်ထဲမှာပျော်မှာပေါ့။

"အကိုရေ "

တံခါးဖွင့်ပြီး ဝင်လာတဲ့ မောင်ဟာ လက်ထဲမှာတော့ အထုတ်ကြီးအထုတ်ငယ်ဆွဲပြီး ဝင်လာတာပင်။
ကြည့် နောက်အပတ် ချယ်ရီပန်းကြည့်ပွဲနာမည်ကြီးမြို့ဖြစ်တဲ့ Gyeonju ကို ဧပရယ်အစောပိုင်း တစ်ညအိပ်နှစ်ရက်မိသားစုခရီးထွက်ဖြစ်ကြမှာကြောင့်
နှစ်ဖက်မိဘတွေအတွက်'မ'လာခြင်းပင်။

မောင့်သဘော||VOPE||✓Tempat cerita menjadi hidup. Temukan sekarang