တစ်.တွဲကြရအောင်
ဟန်ဆိုလ်းတက္ကသိုလ်၏ကန်တင်းအတွင်း
တက္ကသိုလ်ကျောင်းသားများသည် နေ့တစ်နေ့ရဲ့နိစ္စဒူဝဖြစ်သည့် အစာစားခြင်း၊သူငယ်ချင်းစောင့်ခြင်း၊သမီးရည်းစားများစောင့်ခြင်း၊အတန်းပြေးခြင်း စသည့်စသည်ဖြင့် ဆိုင်ရာဆိုင်ရာကိုယ်စီဖြင့်လည်ပတ်နေကြလေသည်။ထိုအထဲတွင်တော့ ထောင့်တစ်နေရာတွင် တိတ်တိတ်လေး ပါလာသည့် ထမင်းဘူးကိုတင်ထားပြီးပါဝါမျက်မှန်အထူတပ်ထားသည့်ဆံပင်ဘုတ်သိုက်ဖြင့်နေသည့်ကောင်လေးသည် ဖုန်းကိုကြည့်လိုက် ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး မျက်စေ့ကစားလိုက်ဖြင့် ရှိနေလေသည်။
ထိုသူ၏ဝတ်စားဆင်ယင်မူသည် ဤပရဝုဏ်အတွင်းတွင် ဒိတ်အောက်နေသော ဝတ်စားဆင်ယင်မှုဟုခိုင်းနှိုင်း၍ပြော၍ရ၏၊အမြဲတမ်းတိတ်ဆိတ်နေတတ်ပြီးအပေါင်းအသင်းဆိုသည်မှာလည်း တစ်ယောက်စနှစ်ယောက်စသာရှိလေသည်။တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ကိုယ်တက်သည့်သက်ဆိုင်ရာဘာသာရပ်ရှိရာအဆောင်မှလွဲရင် ကျန်သည်ကိုစိတ်မဝင်စား၊မျက်မှန်တစ်လက်သာမရှိလျှင် အမြဲသုံးစားမရဖြစ်နေတတ်သည့်ကိုယ်ကိုယ့်ကို သိတာကြောင့် ထိုသူရဲ့မျက်မှန်တွင် ငွေကြိုးလေးဖြင့်ထိန်းထားသည်။
အရှက်အကြောက်ကြီးသည့်ကောင်လေးဖြစ်တာကြောင့် သူကန်တင်းသိပ်မထိုင်ဖြစ်သောလည်း ယနေ့စိတ်ကူးပေါက်၍လာထိုင်နေသည်ဟု တရားသေဆို၍မရပေ၊အကြောင်းသည်တော့ သင်နေသည့်သာသာရပ်တစ်ခု၏စာတမ်းတင်ခြင်းကို အဖွဲ့လိုက်စု၍ လုပ်ရမည်ဟုပြောသောကြောင့် တစ်ဖွဲ့တည်းကျသည့် သူများကိုစောင့်နေခြင်းဖြစ်သည်။
နောက်ဆယ်မိနှစ်အကျော်တွင် အတန်းချိန်ရှိနေသည်ကြောင့် ထိုကောင်လေးသည်ကြာကြာစောင့် ချင်ပုံလည်းပေါ်မနေတော့၊ရိုးအသည်ဆိုသောလည်း အားမနာတတ်သော ကောင်လေး၏နာမည်မှာ လူမသိသူမသိပင်၊ထိုကောင်လေးသည့် တက္ကသိုလ်တွင်ရှိနေသည်ဟုတောင်မထင်ရသည့် သိသောသူများသည်လည်း မှန်ကြောင်၊လေးလုံးစသဖြင့်သာ သမုတ်ကြသည်။ထိုသူများဘယ်လိုခေါ်ခေါ်ဂရုမစိုက်သည့် ကောင်လေးသည်တော့ ဂျောင်ဟိုဆော့အမည်ရှိ နှစ်ဆယ်တင်းတင်းပြည့်ထားသည့်ကောင်လေးသာဖြစ်သည်။