~A~..

2K 263 70
                                    

အုစ် တင်လို့ရသွားရင်တော့ နေ့လယ် chingu အိမ်သွားမှ အကုန် reply ပါမယ် update တက်သွားရင် 8MB update ဆိုပြီး တန်ဖိုးထားနော်

နှစ်ဆယ့်နှစ်.ဤမင်္ဂလာပွဲဝယ်

ကြင်ကြင်နာနာစကားတစ်ခွန်းကို မဆိုသာ၊
သူမရဲ့ မျက်ဝန်းတွေသည် မှုန်မှိိုင်း၍နေသည်ကိုတော့ ဟိုဆော့ ရိပ်မိသောလည်း မည်သည်ကြောင့်ဆိုသည်ကို သူမသိ။

ဂါအွန်းသည် တစ်ခါတစ်လေ သူ့အား ဖတ်ထားပေးဖို့ တောင်းဆိုတတ်သည်။ငြင်းစရာအကြောင်းမရှိတဲ့အခါတော့ သူမကို တယုတယမထွေးပွေ့ထားနိုင်တောင် တလေးတစားတော့ ထွေးပွေ့ထားဖြစ်သည်။

မေမေသည်တော့ သူ့အပေါ် စိတ်ချလက်ချဖြစ်၍ စိတ်ပျိုကိုယ်နုဆိုသည့်အတိုင်း ဖြစ်နေကြဆီးချိုသွေးတိုးတွေတောင် မဖြုံတော့သယောင်။

ကိုယ်စီကိုယ်စီပျော်နေကြတဲ့အခါ ဟိုဆော့လည်း ပျော်ပါသည်။

လုံးဝလက်မလွှတ်ဘူးပြောသည့် တစ်စုံတစ်ဦးသည်တော့ ဟိုဆော့ရှေ့ပေါ်မလာသည်မှာ မင်္ဂလာပွဲတောင် နီး၍လာပြီ။ ဟိုဆော့ကိုယ် ဟိုဆော့လည်း မုန်းပါသည်။တိတ်တဆိတ်မျှော်လင့်ခြင်းတွေက တိတ်တဆိတ်ပဲရိုက်ချိုးခံနေရတဲ့အခါ လူကယဲ့ယဲ့ပဲ ကျန်နေလည်း မတ်မတ်တော့ရပ်ထားရသည်။

"ဟင် အလုပ်ကဘယ်လိုလဲ အရမ်းပင်ပန်းနေလား "

"ဘာမှ ထွေထွေထူးထူးမရှိပါဘူး ပင်ပန်းမဲ့ပင်ပန်း အန်ကယ်က ပင်ပန်းမှာပေါ့ အန်ကယ်တို့ ဌာနဖက်က ဒီရက်ပိုင်းအလုပ်များနေကြတယ်လေ "

"ဖေက အထက်လူကြီးလေ ကိုယ်ရယ် စာတမ်းဖတ်တာကလွဲရင် ကြီးကြီးမားမားမှ မဟုတ်ပဲ အိမ်ရောက်တာနဲ့ မေမေအနားကိုတောင် ကပ်နေနိုင်သေးတာကို... ကိုယ်ကမှ အခုတလော ပင်ပန်းနေပုံပေါက်နေတာ "

အလုပ်ကြောင့် ပန်းတဲ့စိတ်မှမဟုတ်ပဲ ဂါအွန်းရယ်။

"ကိုယ့် ဂျူနီယာလက်ထပ်ပွဲကျရင် ဝတ်မဲ့ ဝတ်စုံ ပြင်ပေးထားပြီပြီနော် ဂါအွန်းတို့ အရောင်တူလေး ဟီး ~"

ဘာရယ်ကြောင့်မှန်းတော့ ဟိုဆော့မသိ
လက်ထပ်ပွဲနီးလေ သူမရဲ့ စိတ်က ပိုပျော်ရွှင်နေလေပင်။မသိရင် သူတို့လက်ထပ်ပွဲများလားလို့ လာပြောရင်တောင် ယုံလောက်သည်။

မောင့်သဘော||VOPE||✓Where stories live. Discover now