ဆယ့်ခြောက်.ချစ်နေပါမတောင်းဆိုရက် မုန်းမနေရန်သာ
နိစ္စဓူဝတဲ့ တစ်နေ့တာသည်ထွေထွေထူးထူးမရှိ ဂါအွန်းနှင့်ဖုန်းခဏပြောပြီး အလုပ်စရင်စ ဒါမှမဟုတ် မောင့်ကို စောင့်ကြည့်ရင်း အလုပ်စ ဒီလိုပဲ ပတ်လည်ရိုက်နေသည်။
မီယောင်းကတော့ ကျောင်းသားတွေ့ဆုံပွဲအကြောင်းလှမ်းပြောရင်း မောင့်အကြောင်းကိုပါပြောသွားသည်ကြောင့် ဟိုဆော့ရင်ထဲ တစ်ဆစ်ဆစ်ကိုက်သွားရသည်။ မီယောင်းကတော့ သူ့လိုမျိုး ဂါအွန်းနဲ့လက်ထပ်ပွဲကျင်းပစေချင်နေသည့်သူဖြစ်တာကြောင့် မောင့်ကို လက်လွှတ်လိုက်သင့်နေပြီဟု အမြဲတိုက်တွန်းနေတတ်သည်။ သို့သော်လည်း...
Photo Studio ထောင်ချင်သည့်မောင်ရဲ့ဦးတည်ချက်က အခုတော့လည်း ပြောင်းလဲသွားရပြန်ပါပေါ့။
မီယောင်းပြောခဲ့သလိုပဲ မောင်က သူ့အဖေအလုပ်ကိုဦးစီး အင်း အနာဂတ်မှာ မိန်းမရယ် ကလေးငယ်လေးတွေရယ်ပေါ့။-' ကိုယ် ဂါအွန်းကို ရေပူစမ်းလိုက်ပို့ '
တည်ငြိမ်ရင့်ကျက်တဲ့သည့် ဂါအွန်းက သူ့ရှေ့တွင်တော့ အမြဲ သူမဖြစ်ချင်တာ သူမလုပ်ချင်တာကို ကလေးသဖွယ်ပြောတတ်သည်။တစ်မျှင်ချင်းတွယ်လာသည့်သံယောဇဥ်ကြိုးအရဆို သူမသည် တော်တော်လေးကိုနှစ်လိုဖွယ်ကောင်းသည်။
-'ကိုယ် အလုပ်နားရက်လိုက်ပို့ပေးမယ် '
-' ချစ်တယ် '
ဂါအွန်းဖက်က ထိုသို့အပြောတိုင်းကို
သူမဖက်ကတော့ သူ့ပြန်စာမရ။
သံယောဇဥ်တော့ရှိရဲ့ လိမ်တော့မလိမ်ချင်။
လိမ်တာမိသွားရင် ခံစားရပိုခက်ပေမည်ကို သိနေသည့် ဟိုဆော့က ဂါအွန်းကိုတော့ ပွင့်ပွင့်လင်းလင်းသဘောအတိုင်းသာ ဆက်ဆံတတ်သည်။ကိုယ်မင်းကို မချစ်ဘူး၊ သံယောဇဥ်ရှိတယ် ဒီလောက်ပေါ့။သူမဖက်ကလည်း အရေးတယူခံစားမနေဘူး။အချိန်တန်သူမရဲ့ခင်ပွန်းဖြစ်မည်ဟုသိ၍လားတော့မပြောတတ်။
အိမ်ထောင်တစ်ခုတည်ထောင်ဖို့ယုံကြည်ချက်ရှိမနေ။
ဒါငါရွေးတဲ့လမ်းဆိုတဲ့ အတိုင်းသာ ဆက်လျှောက်နေရသည်။ဘယ်ဆီရောက်နေမှန်းမသိသည့်မောင်သာဆိုလျှင်လေ... ငါကလေ..မောင်ရယ် လို့ အတွေးတွေကို ဆက်မတွေးရဲလောက်အောင်ပဲမောင့်ရဲ့။