~N~

1.9K 269 145
                                    

ဆယ့်သုံး.စေ့စပ်ကြောင်းလမ်း

ရွေးချယ်စရာလမ်းတွေအများကြီး ရှိပါတယ်တဲ့။
ဒီလိုပဲ အဆိုပြုရတယ်၊တကယ်တမ်းကျတော့
ရွေးချယ်စရာလမ်းဆိုတာ ရှိမနေခဲ့ဘူး။

ဟိုဆော့အတွက် Social media တွေက toxic ဖြစ်လာခဲ့တယ်။ဘာကြောင့်များ ဒီဖုန်းကိုကိုင်မိပါလိမ့်ဟုတွေးရင်း ကိုယ့်လက်ကိုယ် ခုတ်ဖြတ်ချင်မိပြန်တယ်။

IG မှာ တင်ထားတဲ့ Story တစ်ခုက ငါ့ရင်ကို ဓားနဲ့အစိမ်းလိုက်ခွဲသလိုခံစားရလောက်တဲ့အထိ စွမ်းနေခဲ့မယ်မှန်းသိရင် ၊ငါဝင်ကြည့်ခဲ့မှာမဟုတ်ဘူး မောင်။

စေ့စပ်လက်စွပ်မှန်းသိသာလောက်အောင်ကို ထပ်ကိုင်ထားကြသည့်လက်ခလယ်မှာ ဆင်တူလက်စွပ်လေးတွေနဲ့ပေါ့။ Engaged လို့ စာလုံးလှဖော်ထားပြီး သူမရဲ့ acc ကို mention ခေါ်ထားတဲ့ Story က အင်း..တကယ်ကို လှပပါတယ်။ မောင်က ဓာတ်ပုံရိုက်တော့တယ်တော်တာပဲ။

မောင့် ကျောင်းပိတ်ရက်တွေက လှပလွန်းနေပြန်တာပေါ့။တစ်ဖက်က ငါကတော့ လူမသိသူမသိကို ပြိုလဲနေမိတော့တာ။အပြစ်တင်လိုက်စမ်းပါလို့ စိတ်က ခါးသီးနေလည်း ငါမပိုင်တဲ့ အစိတ်အပိုင်းတစ်ခုက ခါးသီးတယ်ဆိုတာတောင်ရှိမနေဘူး။ တကယ်တော့ ငါကမောင့်ကို ဘယ်တုန်းကမှမပိုင်ဆိုင်ခဲ့မှန်းသိနေတဲ့အခါ ခါးသီးစရာလည်းရှိမနေဘူး။

မောင်ပေးခဲ့သည့် အကြင်နာတွေက ငါ့အတွက် ဖြေဆေးတစ်ခွက် အလားပါပဲ။ ဆုံးရှုံးကြောင်း သိသော်လည်း လူသိရှင်ကြား ကြော်ငြာခံလိုက်ရတဲ့အခါ ငါကလည်း တိတ်တဆိတ်ကွဲကြေနေဖို့မမေ့ဘူး။

ဘာကြောင့်များ ဖန်ခွက်အကွဲတစ်ခုလိုငါ့ကိုယ်ငါစုတ်ပြတ်သတ်အောင်တွေးနေမိသလဲ၊တကယ်ဆို ငါက မင်းအတွက်အဖိုးမထိုက်ပင်မဲ့..ငါ့ကိုများ ငါကမောင့်ကိုချစ်သလို ချစ်ပေးမဲ့ သူများရှိနေမလား မသိနိုင်ဘူးလို့ တွေးမိ​တော့ရယ်ရပြန်သည်။

ငါက မောင့်လိုတော့ လူတွေကို မကစားပါဘူး မောင်ရယ်လို့ တွေးမိရင်း တစ်ချိန်က မောင်မရှိခဲ့တဲ့အချိန်တွေကို ငါပြန်သွားနေချင်မိတော့တာပဲ။

နောင်တတဲ့လား မရဘူးပြောရင် ဒါငါလိမ်တာပေါ့မောင်ရယ်။ ရတာပေါ့။ မောင့်ကိုချစ်ခဲ့မိတဲ့အတွက်မဟုတ် ၊မောင့်ကိုတွေ့ခဲ့မိတဲ့အတွက်ပါပေါ့။ငါသာ အဲ့နေ့ကစိတ်ရှည်ရှည်စောင့်ပြီး ပြေးမထွက်ခဲ့မိရင် ငါမောင်နဲ့ ဝင်တိုက်မိမှာမှမဟုတ်ပဲ။စိတ်မရှည်မှုတစ်ခုကြောင့် နှလုံးသားတစ်ခုဆုံးပါတယ်။ဘယ်သူသိပါသလဲဆို ငါသိပါတယ်ပေါ့။အင်း မောင်လည်း သိဖို့ငါဆုတောင်းတယ်။

မောင့်သဘော||VOPE||✓Où les histoires vivent. Découvrez maintenant