~T~

1.8K 248 76
                                    

ဆယ့်ကိုး.လက်ထပ်ဖိတ်စာ

လက်လွှတ်လိုက်တဲ့ ချစ်ခြင်းမေတ္တာတဲ့လား။
ငါကလေ အချစ်ကိုလက်လွှတ်လိုက်တာမှမဟုတ်ပဲ
ငါက မောင့်ကိုလက်လွှတ်လိုက်တာ မောင့်ကိုချစ်တယ်ဆိုတဲ့ စကားစုဖြစ်တည်မူစိတ်ခံစားချက်တွေကို လက်လွှတ်လိုက်တာမှ မဟုတ်ပဲ။

ချစ်တယ်နဲ့ လက်လွှတ်တယ် ဘာများကွာလို့လဲတဲ့။
ဒီမေးခွန်းကို ငါကိုယ်တိုင်တောင်မသိဘူးမောင်၊
ငါလက်မလွှတ်လိုက်တဲ့ ချစ်ခြင်းမေတ္တာကို အတိတ်ကမောင်ကပိုင်တယ်။ငါလက်လွှတ်နိုင်လိုက်တဲ့ ချစ်ခြင်းမေတ္တာကို အနာဂတ်ကမောင်ပိုင်လိမ့်မည်။

တစ်စုံတစ်ယောက်ကို တစ်ဖန်ပြန်ချစ်ကြည့်ဖို့ ကြိုးစားနေတဲ့ ငါက မောင့်အပေါ်ထားတဲ့ ချစ်ခြင်းတရားအပေါ်မှာ သစ္စာမဲ့လိုက်လေခြင်းလို့ ငါတော့မထင်ဘူး မောင်။

ချစ်ချင်ပါသေးတယ် ငါက မောင့်တစ်ယောက်အပေါ်မှာပဲ စွဲမြဲစွာ ချစ်ကြည့်နေချင်ပါသေးတယ်။
ချစ်ခွင့်မှ မပေးပဲမောင်။

သံယောဇဥ်အိမ်လေးကို တည်ဆောက်ဖို့ ရွယ်လိုက်တယ်။ ချစ်ခြင်းတရားတွေကို ချိတ်ပိတ်လိုက်ရတယ်။ဒါဟာ တည်မြဲဖို့အတွက်ကွယ်။

ယခုအချိန်ထိ သိမ်းဆည်းထားသည့် ဖုန်းတစ်လုံးထဲက စာပို့ခြင်းတွေလည်း ကွယ်ပျောက်သွားခဲ့တယ်။
အချစ်တွေက ဖြတ်လို့မှ မရပဲ။

ကောက်စိုက်တယ်ဆိုလည်း အချိန်တန်ရိတ်သိမ်းရသတဲ့။အချစ်ဟာကောက်မဟုတ်သဖြင့် ရုတ်သိမ်းမရသော်လည်း အမှတ်တရတစ်ချို့ကို ရိတ်သိမ်းပစ်ခဲ့တယ်။အမာရွတ်ထင်ကျန်နေပါစေကွယ်။

__

ဒီအိမ်ကြီးက သိပ်ကိုခမ်းနားတယ်။
ပျော်ရွှင်ခြင်းအငွေ့အသက် hk ရှိမနေဘူး။

ရွေးချယ်တဲ့လမ်းတွေက ချစ်ခြင်းမေတ္တာတွေနဲ့ ဝေးကွာခဲ့တယ်။ဘယ်သူ့အပြစ်တဲ့လည်း
အကိုနဲ့ ပတ်သက်ရင်တော့ မှားယွင်းခြင်းသဘောတရားတွေ မောင်ပိုင်ပင်မဲ့လေ၊
အပြစ်ကိုတော့ မောင်မပိုင်ဘူး။

အကိုနဲ့ကွေကွင်းရခြင်း၊
အပြစ်ထက်ဆိုးပါလေရဲ့၊
အပြစ်သာတန်းစီပုံချလိုက်စေချင်ရဲ့။
သတ္တိလေးများပေးသနားမလား။

မောင့်သဘော||VOPE||✓Tahanan ng mga kuwento. Tumuklas ngayon