~Epilogue~

2.4K 204 87
                                    

သုံးဆယ့်လေး.သုံးဆယ့်ငါး.သုံးဆယ့်ခြောက် .သည်နှစ်မှသည် နောင်နှစ်များစွာ

ခရစ်စမတ်ကျော်သွားသည်နှင့် နှင်းထုထည်ထုသည်သိသိသာသာပင် သိပ်သည်းစွာကျဆင်း၍လာသည်ကြောင့် ၂၉ ရက်နေ့မှာ ဒယ်ဂူကို သွားရန်ပြင်ထားပင်မဲ့ မသွားဖြစ်လိုက်၍ ခြံရှေ့မှ နှင်းရှင်းလိုက် ရေနွေးအိုးတည်လိုက်နှင့် တစ်နေ့လုံးအလုပ်ရှုပ်နေသည် ။ သိသိသာသာပင် စားပြီးသောက်ပြီး အေးလို့ဆိုပြီးစောင်ထဲဝင်ဝင်ခွေနေတဲ့ မောင်နဲ့ သူ့မှာ ဗိုက်အဆီလေးတွေပင်ရစ်လာကြပြီ။မောင်ကထွက်ခါစ အဆီလေးတွေကို တယုတယ လက်အေးကြီးဖြင့်လာလာပွတ်သပ်နေတတ်ပင်မဲ့ တစ်ချိန်ချိန်တော့ ငြီးငြူကြမှာပဲဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ လှဲမအိပ်ခင် နှစ်ဦးသား လက်ချင်းကိုင်ရင်း ထိုင်နေတတ်ပါသေးသည်။ (ထိုင်လည်းမထူးတာကို သိသိသာသာ နှစ်ယောက်သား မသိချင်ယောင်ဆောင်ထားပါတယ် )

မီးသွေးဖိုကပေးသည့်အပူက သိသိသာသာ မောင့်ခန္ဓာကိုယ်အပူလောက်ပင်မနွေးပါ။မောင့်ရင်ခွင်ကြောင့်ထင်သလောက်မချမ်းပေ။သို့သော် ဆောင်းတွင်းချစ်ဇာတ်လမ်းကိုတော့ သိသိသာသာ ဟိုဆော့ရှောင်ဖယ်တတ်ပါသည် ။ နမ်းတာတောင်နှုတ်ခမ်း‌ခြောက်သည်ကြောင့်အဆင်မပြေ ။တစ်ရက်ခွင့်ပြုမိတဲ့ ခရစ်စမတ်ညနေကဒဏ်က အခုထိ ကျိန်းစပ်စပ် အောင့်သက်သက်ပင်။

ဆံကောက်လေးတွေက ဆံပင်အနည်းငယ်ရှည်လာသည့်အခါ သိသာလာသည်။လိပ်သလိုလို မလိပ်သလိုလို ဆံပင်ကွေးလေးတွေကို သူသိပ်ချစ်ပါသည်။ ဆယ့်နှစ်ကျော်ရင် မောင့် နှစ်ဆယ့်လေးနှစ်ပြည့်ဖြစ်တော့မည့်‌မောင့်ကြောင့် သူစိတ်လှုပ်ရှားပါသည် ။မီးဖိုချောင်ဆီမှ ဆန်မုန့်ကို စတော်ဘယ်ရီထည့်ထားသည့် မုန့်ကို ယူရန်အသွား မီးမှောင်နေသော်လည်း မောင့် ရင်ခွင်ထဲမှ အသာထ၍ လာခဲ့ပင်မဲ့ တကယ်မောင့်ရင်ခွင်တွင်းပြန် ပြေးဝင်မိချင်သွားလောက်အောင် ဖုန်းအလင်းရောင်က ထင်သလောက်မရောက် မှောင်မှဲမှဲပတ်ဝန်းကျင်ကြောင့် 'မကြောက်နဲ့ ဟိုဆော့ မကြောက်နဲ့ '

ခွက်တွေပလုံတွေရဲ့နောက်မှာကွယ်ပြီးဝှက်ထားသည့် ခွက်တစ်ခုထဲတွင် စတော်ဘယ်ရီနှင့်ဆန်မုန့်ရောလုပ်ထားသည့် ဆန်မုန့် အထဲတွင်စတော်ဘယ်ရီယိုပါထည့်သိပ်ထား၍ အကုန်မောင့်အကြိုက်သာ။

မောင့်သဘော||VOPE||✓Where stories live. Discover now