Unicode🌹
အငြှိုးနဲ့လာတဲ့ မိုးငယ်
ပွင့်ချပ်တွေပေါ် ကလူလို့ကျီဆယ်
အချစ်မပါ ရက်စက်ယုံသက်သက်သာ ရွာတဲ့မိုးငယ်က
လှပသင်းထုံခြင်းကို ဝပ်ဆင်းစေတယ်
အော်… ပန်းကိုခြွေတဲ့မိုး 🌹~~~
" ကိုရယ် မြန်မြန်မောင်းပါ "
သည်းထန်စွာရွာနေတဲ့မိုးအောက်မှာ အရှိန်မြှင့်စွာ မောင်းနှင်နေတဲ့ကားလေးတစ်စီး ။
ဖခင်တစ်ယောက်၏ စိုးထိတ်ခြင်းတွေနဲ့ စတီယာရင်ကိုတင်းနေအောင် ဆုတ်ကိုင်ထားတဲ့ ကျွန်တော့်ဘေး တစ်လအရွယ်သားကိုပိုက်ကာ မျက်ရည်စတွေနဲ့ သောကဗျာပါဒဝေနေတဲ့ ဇနီးသည်ကပိုဆိုးသည် ။
" မြန်မြန်မောင်းပါ "
" မောင်းနေတာပဲ မီမီရယ် ။ မိုးရွာတော့ လမ်းကချော်နေတာ အန္တရာယ်လည်းများတယ် "
" မီမီမသိဘူး ကို ။ သားကိုကြည့်အုန်း ကိုယ်တွေခြစ်ခြစ်တောက်ပူနေတာ "
" ကိုယ်လည်းစိုးရိမ်တာပါပဲ ။ ဒါပေမဲ့ "
" ကို ရှေ့မှာ "
မီမီအော်သံအဆုံး အလျင်အမြန် ဘရိတ်ကိုဖိနင်းလိုက်ပေမဲ့ စက်ဘီးနဲ့လူကတော့ လဲကျ၍သွားသည် ။
ကားပေါ်မှအမြန်ဆင်းကာ တွဲထူလိုက်တော့ နွမ်းချာချာ ထိုလူ့လက်ထဲမှာ အထုတ်ကလေးတစ်ထုတ်ကို ပိုက်လို့ထားသည် ။
လဲကျသွားသည့် စက်ဘီးဟောင်းလေးကတော့ တာရာဂွေလိမ်လို့ ။
" ဆောရီးပါဗျာ "
" ရပါတယ် ။ ကျွန်တော်က လောနေတာပါ "
" ခင်ဗျား တစ်ခုခုထိခိုက်မိသွားသေးလား "
" မရှိပါဘူး အစ်ကိုကြီး ။ စက်ဘီးကတော့ "
" ခင်ဗျား စက်ဘီးအတွက် ကျွန်တော်ပြန်လျော်ပေးပါ့မယ် "
" နေပါ အစ်ကိုကြီးရယ် ။ ရပါတယ် ။ အဲ့အစား ကျွန်တော့်ကို ဟွန်းချောင်းဆေးရုံကိုပဲ လိုက်ပို့ပေးပါလား ။ ကျွန်တော့်မိန်းမ ဆေးရုံတင်ထားရလို့ပါ "
" ကျွန်တော်လည်း အဲ့ကိုသွားမှာ ။ လာ ကားပေါ်တက် "
ခပ်ကုတ်ကုတ်လေးလိုက်လာတဲ့ထိုလူက ကျွန်တော့်ဘေးကခုံမှာ ဝင်ထိုင်တော့ မီမီကမကြည်ချင် ။
YOU ARE READING
🌹ပန်းခြွေမိုး🌹 { 🌹ပန္းေႁခြမိုး🌹 }