🌹အခန္း - ၁၅🌹

367 40 9
                                    

Unicode 🌹

" မင်းသူ့လိပ်စာကို အသေချာသိရဲ့လား ဟန်ကျွင့် "

အခြေအနေကို အကဲခတ်ကာ ခပ်အုပ်အုပ် ကျွန်တော်မေးတော့ ဟန်ကျွင့်က ခေါင်းညိတ်ပြသည်..

" ငါ့မှာ သူဖုန်းနံပါတ်ရှိတယ် ဟယ်ချန်း "

" ရော့ "

ဖုန်းအားကမ်းပေးလိုက်တော့ ဟန်ကျွင့်က မျက်တောင်ကော့လေးများကိုပင့်၍ကြည့်လာသည် ..

" ဘာလဲ "

" မင်းဖုန်းဆက်ဖို့လေ "

ထိုမှဖုန်းအားယူကာ နံပါတ်တစ်ခုကို ရိုက်နှိပ်၍နေသည် ..

Speakerဖွင့်ထားတာမို့ ဖုန်းဝင်နေပေမဲ့ ကိုင်မယ့်သူမရှိသေးတဲ့ဖုန်းလေးရဲ့ တတူတူမြည်သံကို အတိုင်းသားကြားနေရသည် ..

" မကိုင်ဘူးလား "

" အင်း မအားဘူးထင်တယ် "

" အစကတည်းက ကြိုဆက်ထားရမှာ "

" ငါထပ်ခေါ်ကြည့်လိုက်မယ် "

ခေါင်းကိုငြိမ့်ပြရင်း ဘေးဘီဝဲယာကို အကဲခတ်သလို ကြည့်နေရသေးသည် ..

" ဟယ်လို ကိုကြီး "

" အွန်း "

" ညီမပါ ဟန်ကျွင့် "

" အင်း ညီမပြော .. "

" ညီမ ကိုကြီးနဲ့အရေးတကြီးတွေ့ပြီး ပြောစရာစကားတွေ အများကြီးရှိတယ် "

" ကောင်းပြီလေ .. ကိုယ်အခုပြောမယ့်လိပ်စာကို လာခဲ့ "

" ဟုတ်ကဲ့ "

" No.23............ "

စကားအဆုံးဖုန်းကိုဆွဲယူကာ ပိတ်သွားသည့်လူအား မော့၍ကြည့်လိုက်တော့ ပါးစပ်ပေါ်သို့ တိပ်နှင့်ကပ်ခြင်းခံရပြန်ပြီ ..

ကျွန်တော်ဒီနေရာကို ဘာလို့ရောက်လာသလဲ ကျွန်တော်မသိဘူး .

သူတို့တွေကရော ဘယ်သူတွေလဲ ကျွန်တော်မသိဘူး ..

Centerထဲကအထွက် ကားပေါ်တက်ပြီးစက်နှိုးနေတုန်း လူစိမ်းတွေ့လို့လှည့်ကြည့်လိုက်ချိန် လောကကြီးက အမှောင်ကျလို့သွားပြီ ..

အသိတရားတို့ လင်းလက်လာချိန် ခန္ဓာကိုယ်ရဲ့နာကျင်မှုကြောင့် မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ လက်တွေကလှုပ်လို့မရတော့ .

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Donde viven las historias. Descúbrelo ahora