🌹အခန္း - ၃🌹

345 53 3
                                    

Unicode🌹

မွေ့ယာအားနောက်ပြန်လက်ထောက်ကာ ခြေချိတ်ထိုင်ပြီး သူ့ကိုမမှိတ်မသုန်စိုက်ကြည့်နေတဲ့ ကျွန်တော့်ကို ရင်မဆိုင်ရဲစွာ သူကခေါင်းကိုတွင်တွင်ငုံ့ထားသည် ။

" မင်းနာမည် ဘယ်လိုခေါ်လဲ "

" ဗျာ "

" နာမည် "

" အီဟယ်ချန်းပါ "

" ဟယ်ချန်း ဟုတ်ပြီ ငါဘာလို့မင်းကိုခေါ်လဲသိလား "

" မသိပါဘူး သခင်လေး "

လာပြန်ပြီလား ဒီသခင်လေး ။

ရွယ်တူချင်းကိုတောင် တရိုတသေဆက်ဆံနေစရာမှ မလိုတာ ။

" ငါအဝတ်အစားတွေရှင်းချင်လို့ "

" ဟုတ်ကဲ့ ကျွန်တော်ရှင်းပေးပါ့မယ် "

" မလိုဘူး ငါ့ဘာသာလုပ်မှာ ။ မင်းကဘေးကနေ ဝိုင်းကူပေးယုံပဲ "

" ဟုတ်ကဲ့ "

" စလိုက်ကြမလား "

" ဟုတ်ကဲ့ "

ထိုင်နေရာမှထ၍ရပ်ကာ တံခါးတစ်ခုအားဖွင့်လိုက်တော့ ဟယ်ချန်းပါးစပ်အဟောင်းသားနှင့် ငေးမောနေသည် ။

အခန်းတစ်ခုသဖွယ်ပြင်ဆင်ထားသည့် ကျွန်တော့်အဝတ်အစားထားရာနေရာက စတိုးဆိုင်တစ်ခုနီးပါးရှိသည် ။

တန်းတွေမှာချိတ်ဆွဲထားသည့် အဝတ်တွေက ဘယ်Rollသွားသွားအပြည့် ။

" ဒါတွေအကုန်လုံးရှင်းရမှာလား "

" ဆိုပါတော့ "

အီဟယ်ချန်း မသိမသာ တံတွေးတွေမြိုချလို့နေသည် ။

" ဘယ်ကနေစရှင်းရင် အဆင်ပြေမယ်လို့ မင်းထင်လဲ "

" သခင်လေး သဘောပါ "

" ငါမင်းကိုမေးနေတာလေ "

" ဟို ဟိုဘက် "

အထစ်ထစ်အငေါ့ငေါ့နဲ့ လက်ညှိုးထိုးပြနေတဲ့ ဟယ်ချန်းအားကြည့်ကာ ကြိတ်ပြုံးမိသည် ။

" ကောင်းပြီလေ ။ အဲ့ကပဲ စရှင်းတာပေါ့ "

ကျွန်တော်သွားလေရာနောက် တကောက်ကောက်လိုက်ကာ လိုက်လုပ်ပေးနေတဲ့ ဟယ်ချန်းဘက်လှည့်ကာ ကြည့်လိုက်တော့ တောင့်တောင့်လေးရပ်နေသည် ။

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Donde viven las historias. Descúbrelo ahora