🌹 အခန္း - ၂၂ 🌹

249 32 6
                                    

Unicode🌹

ရွမ်ကျွင့် .. ရွမ်ကျွင့်နီး ။

စိတ်ထဲမှအကြိမ်ကြိမ်ရေရွတ်နေပေမဲ့ ခေါ်သံတို့ဟာ ပြင်ပသို့ထွက်၍မလာခဲ့ ။

အားကုန်သုံးကာအော်ဟစ်လိုက်မှ " ရွမ်ကျွင့်နီး " ။

အခန်းတစ်ခုလုံးဟိန်းထွက်သွားသည့်အော်သံအဆုံး ရုတ်ချည်းပွင့်ဟလာသည့် မျက်ဝန်းတွေနဲ့အတူကပ်လျက်ပါလာသည့် အသိတရားတို့ကြောင့် လှဲနေရာမှထထိုင်လိုက်တော့ မြင်လိုက်ရတာ လူအချို့ ။

" ခင်ဗျားတို့က ဘယ်သူတွေလဲ "

" စိတ်ကိုအေးအေးထားပါ မစ္စတာ အီဂျဲနို "

" ရွမ်ကျွင့် .. ရွမ်ကျွင့် ဘယ်မှာလဲ "

" ဆရာလာရင်ပြောပြပါလိမ့်မယ် "

" ဆရာ .. ဘယ်ကဆရာလဲ ၊ အဲ့ဆရာကိုအခုခေါ်လိုက် "

အော်ဟစ်မှုတွေနှင့်အတူ လက်မှာသွင်းထားသည့် ဆေးပိုက်တွေအားဖြုတ်ပစ်နေတုန်း အခန်းထဲကို ဆောင်ချန်းဝင်လာသည် ။

" ဆောင် ဆောင်ချန်း ၊ ရွမ်ကျွင့်ရော .. သူဘာမှမဖြစ်ဘူးမဟုတ်လားဟင် "

" စိတ်မကောင်းပါဘူး မစ္စတာအီ ၊ ဟွမ်းရွမ်ကျွင့် ဆုံးသွားပြီ "

" ဘာ မင်းဘာစကားပြောလိုက်တယ် ၊ ရွမ်ကျွင့်ကဘာလို့ အဲ့လိုဖြစ်ရမှာလဲ ၊ မဟုတ်ဘူး မဖြစ်နိုင်တာကြီးကို ၊ ဂျောင်ဆောင်ချန်း မသေချင်ရင် မင်းစကားကိုပြန်ပြင်ပြောလိုက် "

ဆောင်ချန်းအင်္ကျီစအားဆုတ်ကိုင်ဆွဲကာ ကျွန်တော်အော်လိုက်တော့ ကျွန်တော့်နားထင်ထောင့်ကိုချိန်းလိုက်သည့် သေနတ်ပြောင်းတစ်ခု ။

" ခင်ဗျားသာ မသေချင်သေးဘူးဆိုရင် ကျွန်တော်တို့ဌာနမှူးရဲ့အင်္ကျီစကို အခုလွှတ်လိုက်ပါ အီဂျဲနို "

" ဌာနမှူး.. ဘာတွေလဲ "

" စိတ်မကောင်းပါဘူး မစ္စတာအီ ၊ ကျွန်တော်က မြောက်ပိုင်းခရိုင်ရဲစခန်းက ဒုရဲအုပ် ဂျောင်ဆောင်ချန်းပါ "

" အော် မင်းကရဲကိုး "

" ခင်ဗျားကို မူးယစ်ဆေးဝါးတရားမဝင်တင်သွင်းမှု ၊ လူသတ်မှု ၊ မီးလောင်မှု ၊ ညှင်းပန်းနှိပ်စက်မှုတို့နဲ့ဖမ်းပါတယ် ၊ ခင်ဗျားရှေ့နေခေါ်ခွင့်ရှိပါတယ် "

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Where stories live. Discover now