🌹အခန္း - ၆🌹

368 51 19
                                    

Unicode🌹

" အဲ့ဒီ့ကောင်မစုတ်လေး ။ ငါနောက်မှလုပ်အုန်းမယ် "

နှုတ်ခမ်းပါးလေးကိုစုချွန်ကာ လက်ကပတ်တီးကိုကြည့်ရင်း ညီမကိုရန်တွေ့ဖို့ နှုတ်ခမ်းသွေးနေတဲ့ သခင်လေးက သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ် ။

" အရမ်းကြီးနာနေတာလား ။ လှုပ်လှုပ်ရှားရှားလုပ်လို့မဖြစ်ဘူးနော် "

ကျောက်ပတ်တီးစည်းနှောင်ထားသည့် ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ကိုကိုင်ရင်း စိုးရိမ်တကြီးမေးနေတာ အကြိမ်ရေပေါင်းမနည်း ။

တကယ်ဆို ဒီလိုအဖြစ်မျိုးက ငါးပိသယ်ကအိပ်ပြီး ဆားသယ်က ခွေးမောင်းနေတာမျိုးနဲ့ မတူဘူးလား ။

တကယ်ဆို ကျွန်တော့်လက်ကျိုးရတာ ဟိုအစုတ်အပဲ့မလေးကြောင့်လေ ။

ဒါကို ဒင်းက သတင်းလေးတစ်ချက်တစ်လေ မမေးပဲနဲ့ ရွမ်ကျွင့်ကတော့ အနားကမခွာတမ်း တတွတ်တွတ်ရေရွတ်လို့နေပေးသည် ။

မညာစတမ်းပြောရရင်တော့ ဟန်ကျွင့်ထက် ရွမ်ကျွင့်အနားမှာရှိနေတာကို ပိုသဘောကျတာပေါ့ ။

ဒါပေမဲ့ လူဆိုတာ ကိုယ့်အပြစ်ကို ကိုယ်သိရမယ်လေ ။

" လက်ကလှုပ်လို့မရပေမဲ့ ဘယ်ဘက်မို့လို့ ဘာမှမဖြစ်ပါဘူး "

" အဲ့လိုပေါ့လို့မရဘူးလေ ။ လက်ကျိုးတယ်ဆိုတာကလည်း ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုပျက်ဆီးသွားတာပဲလေ "

" ဘာလို့အဲ့လောက်အထိ ငါ့ကိုစိတ်ပူနေတာလဲ "

ငေးစိုက်ကြည့်ရင်း ကျွန်တော်မေးတော့ မျက်နှာလွှဲကာ ပြုံးစိစိလုပ်နေသည် ။

" ငါမေးနေတာဖြေလေ "

" ငါ့ညီမကြောင့်ဖြစ်တာဆိုတော့ ငါကအစ်ကိုတစ်ယောက်အနေနဲ့ တာဝန်ရှိတာပေါ့ "

" တာဝန်အရပဲလား "

" အင်းလေ ဘာဖြစ်ရအုန်းမှာလဲ "

" တကယ်ဆို တာဝန်ရှိတဲ့သူက ဟွမ်ဟန်ကျွင့်လေ "

" ဘာလဲ မင်းကဟန်ကျွင့်တောင်းပန်တာကို လိုချင်တာလား "

" သူတောင်းပန်သင့်တာပဲလေ "

" ဒါဆိုလည်း ငါဟန်ကျွင့်ကိုလွှတ်လိုက်မယ် "

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Kde žijí příběhy. Začni objevovat