🌹အခန္း - ၂၃🌹

235 28 2
                                    

Unicode🌹

" ခင်ဗျား ဘယ်ကိုပြန်ရမှာလဲ ဘဲကြီး "

" ဘဲကြီး "

ဂျဲနို တိုးသဲ့သဲ့ရေရွတ်ရင်း မျက်နှာကိုမဲ့ပစ်လိုက်သည် ။

" မကြိုက်ဘူးလား "

" ဒီကလေး ရိုင်းစိုင်းပုံက ရုပ်နဲ့မှမလိုက် "

" တရင်းတနှီးခေါ်တာလေ ၊ ရိုင်းတယ်လို့ ကျွန်တော်တော့မထင်ဘူး "

" ကိုယ့်အဖေအရွယ်ရှိတဲ့လူကြီးကို ဘဲကြီးလို့ခေါ်တာ ယဥ်ကျေးတယ်ပေါ့ "

" မကြိုက်ရင် မခေါ်ဘူးဗျာ ၊ ဘိုးတော်က လာစားနေတာပဲ "

" ဘိုးတော် "

" ဒါလည်းမကြိုက်ပြန်ဘူးလား "

" မကြိုက်ဘူးပြောရင် နောက်တစ်မျိုးခေါ်အုန်းမယ်မလား ၊ ဘဲကြီးထက်တော့ မဆိုးပါဘူး "

" ခင်ဗျား ကျွန်တော်မေးတာမဖြေရသေးဘူးနော် "

" ဘာကိုလဲ "

" ဘယ်ကိုပြန်မှာလဲလို့ "

" ပြန်စရာနေရာ ငါ့မှာမရှိဘူး "

" ခင်ဗျားမိသားစုရော "

" မရှိဘူး "

" လမ်းပေါ်မှာပဲလျှောက်သွားနေမှာပေါ့ "

" အဲ့လိုလုပ်ယုံအပြင်မရှိဘူးလေ "

" ချန်းလော့ အခုချက်ချင်းကားပေါ်တက် "

ခေါ်သံကြောင့် မော့ကြည့်လိုက်သည့် ချာတိတ်၏မျက်လုံးတွေရဲ့ ဦးတည်ရာက ပလပ်ဖောင်းပေါ်မှာကားရပ်တန့်ကာ မှန်ကိုချပြီးခေါ်လိုက်သည့် လူတစ်ယောက်ဆီ ။

အလိုမကျစွာ တွန့်ချိုးထားတဲ့ မျက်ခုံးတွေ ။

ခပ်တင်းတင်းစေ့ကာ ရန်လိုနေတဲ့ နှုတ်ခမ်းပါးနုနုတွေ ။

အနည်းငယ်ရင့်ကျက်ပုံပေါ်သွားပေမဲ့ အရင်လိုချောမောလှပခြင်းတွေအပြည့်နဲ့ အဲ့ဒီ့လူက ရွမ်ကျွင့်လား ။

" သွားတော့မယ် ၊ ကျွန်တော့် အမေလာကြိုနေပြီ ၊ ရော့ ကျွန်တော့်ဖုန်းယူထားလိုက် ၊ ကျွန်တော်ဆက်သွယ်လိုက်မယ် "

ဖုန်းအားမသိမသာ ကျွန်တော့်အိတ်ကပ်ထဲထိုးထည့်ကာ ကားပေါ်တက်သွားသည့် ချာတိတ်က ကျွန်တော့်အတွက်ပုစ္ဆာတစ်ပုဒ်ချန်ခဲ့ပြီ ။

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Onde histórias criam vida. Descubra agora