🌹 အခန္း - ၁၉ 🌹

430 36 24
                                    

Unicode 🌹

" ရွမ်ကျွင့် .. သတိရစမ်းပါ "

ပါးအားခပ်ဖွဖွပုတ်ကာ ခေါ်နေသည့် ကျွန်တော့်ရဲ့စိတ်အစဉ်က စိုးရိမ်ခြင်းတွေနဲ့ တုန်လှုပ်၍နေသည် ။

ဘာလို့အဲ့လိုလုပ်ရတာလဲ ရွမ်ကျွင့် ..

ငါ့ကိုအပြစ်ပေးဖို့ အခြားနည်းလမ်းတွေရှိရဲ့သားနဲ့ ဘာလို့မင်းကိုယ်မင်းထိခိုက်အောင်လုပ်ရတာလဲ ..

တကယ်တော့ မင်းကငါ့ကျမ်းကိုကြေတယ် ..

ဘာကိုလုပ်ရင် ငါဘယ်လိုသက်ရောက်မလဲ မင်းကောင်းကောင်းသိတယ် ..

ဘယ်အရာက ငါ့အရှိုက်ကိုထိုးနှက်နိုင်ဆုံးလဲဆိုတာ မင်းအသေအချာသိတယ် ..

မင်းနိုင်တယ် ရွမ်ကျွင့် ..

အခု ငါရူးနေပြီ ..

မင်းကိုဒီလိုမြင်ရယုံနဲ့တင် ငါရူးနေပြီ ..

" အဟွတ် .. အဟွတ် "

ရေတွေပြန်အန်ထွက်ကာ မျက်ဝန်းတို့ပွင့်ဟလာသည့် ရွမ်ကျွင့်ကိုမြင်မှ ရင်ထဲကအလုံးတို့ကျ၍သွားသည် ..

" ရွမ်ကျွင့် .. မင်းသတိရလာပြီလား "

" အစကတည်းက ငါသတိလစ်နေခဲ့တာမှ မဟုတ်တာ .. ဘယ်လိုလဲ ဂျဲနို .. ငါသေသွားမှာ အဲ့လောက်အထိကြောက်တာလား "

" ရွမ်ကျွင့် မင်းကွာ .. ဒါမျိုးနဲ့စနောက်စရာလား ..ငါဘယ်လောက်စိတ်ပူသွားလဲ မင်းသိလား "

" မင်းမှတ်ထား ဂျဲနို .. ငါ့ကိုအတင်းအကြပ်တွေထပ်လုပ်ရင် ငါ့ကိုယ်ငါသတ်သေမှာ "

ဘေးမှာကျနေသည့် towelအားယူကာ ခါးမှာပတ်ပြီး Bathtub ကို အားပြု၍ထရပ်နေသည့် ရွမ်ကျွင့်အား လှမ်းမဆွဲဖြစ်တော့ဘူး ..

ထိုင်နေရာမှထရပ်ကာ တံခါးဆီလျှောက်၍ဆွဲဖွင့်လိုက်ပြီး ..

" ငါ ဟယ်ချန်းကိုလွှတ်လိုက်မယ် .. အပြင်မထွက်ပဲ အဲ့မှာပဲ ထိုင်စောင့်နေ "

ဆုံးရှုံးရမှာကြောက်တဲ့အသိက ငါမနှစ်မြို့တဲ့အရာတွေကို ခွင့်ပြုနိုင်သည်အထိ စွမ်းသာတယ် ..

ဘာတက်နိုင်မှာတဲ့လဲ ..

ငါကမှမင်းကို အဆုံးရှုံးမခံနိုင်တာ ..

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Where stories live. Discover now