🌹အခန္း - ၁၁🌹

367 49 19
                                    

Unicode🌹

" မတွေ့ရတာတောင် ကြာသွားပြီ သခင်ကြီး .. မသေသေးတာတွေ့ရတော့ စိတ်ထဲမကောင်းဘူး အဟက် "

ဟန်ကျွင့်လက်ကောက်ဝတ်ကို နောက်ပြန်ဆုတ်ကိုင်ကာ ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်တော့ သခင်ကြီး ဟွမ်းယောင်းဂျင်း တုန်လှုပ်တဲ့မျက်နှာနဲ့ မော့ကြည့်၍နေသည်..

" အခုတော့ သခင်ကြီးလို့ပဲခေါ်ရမလား ဒါမှမဟုတ် ယောက္ခထီးလို့ပဲ တစ်ဆင့်တိုး ပြောင်းခေါ်ရမလား "

" မင်း... ခွေးမျိုး... ငါ့ရှေ့ကအခုချက်ချင်းထွက်သွားစမ်း "

" အမိန့်တွေပေးနေပြန်ပါပြီ.. ခင်ဗျားကိုယ်ခင်ဗျားပြန်ကြည့်ပါအုန်း ဟွမ်းယောင်းဂျင်းရဲ့.. လူပုံကမသာရုပ် ဖုတ်အသက်ဖြစ်နေပြီ.. မာနလေး ဘာလေး လျှော့အုန်းမှပေါ့ဗျ .. ဟားဟား "

" မင်း.. မီမီ.. မီမီ "

" ကို စိတ်ကိုလျှော့ပါနော်.. ကျေးဇူးပြုပြီး မင်းပြန်ပါတော့ အီဂျဲနို "

" အခု ကျွန်တော့်ကိုနှင်ချနေတာလား.. ဒီအိမ်ဒီနေရာက ဘယ်သူ့အပိုင်လဲ.. ခင်ဗျားတို့သမီးအချောအလှကို မေးကြည့်ကြပါအုန်း "

" ဟန်လေး သမီး "

" မားမား သူက ပါးပါးခြံရောအိမ်ပါပေါင်ထားတဲ့ ဟန်းတကုမ္ပဏီရဲ့ပိုင်ရှင်ပါ "

" ဘာ... "

" ကျွန်တော့်ကိုရုတ်တရက်ကြီးမြင်လိုက်ရလို့ ဦးလေးနဲ့အဒေါ်တို့ အံ့ဩသွားမယ်ဆိုတာ သိပြီးသားပါ.. ဒါပေမဲ့ ကျွန်တော်က ရွမ်ကျွင့်ရဲ့မိဘတွေအပေါ် အဲ့လောက်အထိ မရက်စက်ပါဘူး.. ခင်ဗျားတို့ဒီအိမ်ကနေ ဆင်းမသွားရအောင် ခင်ဗျားသမီးက ကူညီပေးပါလိမ့်မယ် "

" ဟန်လေး...နင်ဘာတွေလုပ်နေတာလဲဟမ် "

" မားမား... "

" အခု ကျွန်တော်ပြောမယ့်စကားကို စိတ်ခိုင်သည်ဖြစ်စေ.. စိတ်မခိုင်သည်ဖြစ်စေ.. နားထောင်ရမှာ အမှန်တရားပဲ..ဒီနေ့ကစပြီး ဟွမ်းဟန်ကျွင့်က ကျွန်တော့်ရဲ့ငွေဝယ်ကျွန်ဖြစ်သွားပြီ.. ရိုင်းရိုင်းပြောရရင် တရားမဝင်တဲ့မယားပေါ့ဗျား.. ဟားဟား "

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Where stories live. Discover now