🌹အခန္း - ၁၇🌹

328 34 15
                                    

Unicode 🌹

" အမလေး "

ထိတ်ထိတ်ပြာပြာ အော်သံအားကြားပေမဲ့ နာကျင်မှုတို့က ကြီးစိုးနေတာမို့ နှုတ်ခမ်းပါးလှုပ်ယုံသဲ့သဲ့သာ အသံထွက်နိူင်သည် ။

" မေ..မေမေ "

ပြေးထွက်လာသည့် ခြေသံတွေရဲ့နောက်..

ပွေ့ဖက်လိုက်တဲ့ လက်တစ်စုံ ..

မှီတွယ်မိတဲ့ ရင်ခွင်တစ်ခုရဲ့ ကိုယ်သင်းနံ့အချို့ ..

မေမေ ..

ကျွန်တော့်ရဲ့မေမေ ..

" မသေကောင်းမပျောက်ကောင်းသားရယ် "

မေမေ့ရေရွတ်မှုအဆုံး ကျွန်တော်ငြိမ်သက်၍သာ နေမိတယ် ။

ဖေဖေကတော့ မကျေမနပ်ဖြင့် တောက်တစ်ခေါက်ခေါက်နှင့် ။

" မင်းကိုဘယ်သူလုပ်တာလဲ .. ဖေဖေ့ကိုပြော ဂျယ်မင်း "

" ကျွန်တော်မသိဘူး ဖေဖေ "

" မေမေ့သားလေး .. "

မေမေက ကျွန်တော့်ပါးနှစ်ဖက်ကိုကိုင်ကာ ငိုရှာတယ် ။

စိတ်မကောင်းပေမဲ့ အတက်နိုင်ဆုံး မေမေ့ကိုပြုံးပြလိုက်ပြီး ..

" သား မေမေ့ရှေ့ရောက်နေပြီပဲကို .. မေမေမငိုနဲ့တော့နော် "

" မေမေ့သား တစ်ခုခုဖြစ်သွားရင် မေမေရင်ကျိုးရမှာသားရဲ့ "

" ဘယ်အမျိုးယုတ်က ငါ့သားရဲ့ခြေထောက်တွေကို ချိုးရဲရတာလဲ .. မိလို့ကတော့ကွာ တောက် "

" ဒီအတိုင်း ငွေညှစ်ချင်လို့ အကျပ်ကိုင်တာနေမှာပါ ဖေဖေရာ .. ကျွန်တော်လည်း ဘာမှမှမဖြစ်တာ .. ဟိုတိုင်ဒီတိုင်တွေလုပ်မနေပါနဲ့ "

" ခြေထောက်တစ်ချောင်းလုံး အချိုးခံလိုက်ရတာတောင် မင်းကဘာမှမဖြစ်ဘူးတဲ့လား "

" ကဲပါ .. ရှင်ကလည်း .. သားသဘောက အဲ့လိုဆိုလည်း တိုင်တောတာတွေလုပ်မနေနဲ့တော့ .. သား စိတ်ထဲမထားနဲ့ ဟုတ်ပြီလား "

မေမေ့ကိုခေါင်းညိတ်ပြကာ ခြေထောက်က ကျောက်ပတ်တီးကိုကြည့်ပြီး အတွေးတွေက နယ်ချဲ့လို့နေဖြစ်သည် ။

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Dove le storie prendono vita. Scoprilo ora