🌹အခန္း - ၁၈🌹

410 37 18
                                    

Unicode 🌹

မျက်ရည်စတွေနဲ့ စေးကပ်နေသည့် မျက်ဝန်းအိမ်ဖျားလေးက မို့မောက်၍နေသည် ။

အိပ်ပျော်နေရင်းနှင့် ရှိုက်လိုက်တိုင်း သိမ့်ခနဲတုန်သွားသည့် ရင်ဘတ်လေးတွေအားကြည့်ရင်း လက်ဖျားလေးအားဆွဲယူကာ နှုတ်ခမ်းပါးနှင့်ဖိကပ်၍ နမ်းရှိုက်ဖြစ်သည် ။

အမှားတွေကို ငါလုပ်ခဲ့မိတယ်ဆိုရင်တောင် မင်းကိုချစ်ခဲ့တဲ့ ငါ့အချစ်တွေကတော့ တစ်ခါလေးမှတောင်
မမှားယွင်းခဲ့ဖူးဘူး ရွမ်ကျွင့် ..

ငါ့ဘဝမှာ မင်းတစ်ယောက်တည်းကိုပဲ မြတ်နိုးစွာချစ်ခဲ့ဖူးတာ ..

မင်းတစ်ယောက်တည်းကိုပဲ အချိန်ပြည့်ရူးသွပ်ခဲ့ဖူးတာ ..

ငါမင်းကိုချစ်တယ် ရွမ်ကျွင့် ..

ဟိုးအရင်ကရော .. အခုရော .. နောင်ရော ..

ငါမင်းကိုပဲမြတ်မြတ်နိုးနိုးချစ်နေမှာ ..

လက်ဖမိုးနုနုလေးကို မြတ်နိုးစွာနမ်းရင်း ခြေသလုံးထက်က ဒဏ်ရာလေးထံလက်တို့လှမ်းဖို့ပြင်တော့ ခြေထောက်လေးတွေရုတ်သိမ်း၍သွားတာမို့ မျက်နှာအား ဖျက်ခနဲ လှည့်ကြည့်လိုက်တော့ စူးရှရှအကြည့်တွေနဲ့ မျက်လုံးခြင်းဆုံသည် ။

" ရွမ်ကျွင့် ငါ "

" ငါမင်းနဲ့စကားမပြောချင်ဘူး "

မျက်နှာတစ်ဖက်လွှဲသွားတဲ့ ရွမ်ကျွင့်၏လက်အား ဆုတ်ကိုင်လိုက်တော့ ရုန်း၍နေသည် ။

" ငါမှားသွားပါတယ် ရွမ်ကျွင့် .. ငါမင်းအပေါ် မရိုးသားခဲ့ဘူး .. မင်းစိတ်ကြိုက် ငါ့အပေါ် စိတ်ဆိုးခွင့်ရှိတယ် .. ဒါပေမဲ့ မနက်ကျရင်လုပ်မယ့် ငါတို့မင်္ဂလာပွဲကိုတော့ .. "

* ဖက် *

" မင်းမှာအဲ့လောက်တောင် စောက်ရှက်မရှိဘူးလား "

ပါးတစ်ဖက်ကပူတက်သွားပေမဲ့ အတောက်ပဆုံးသာ ကျွန်တော်ပြုံးလိုက်ပြီး ..

" မင်းထပ်ရိုက်ချင်သေးရင်ရိုက်လို့ရသေးတယ် ရွမ်ကျွင့် .. ငါခံမယ် .. မင်းဆဲလည်းငါခံမယ် .. မင်းရိုက်လည်းငါခံမယ် .. နောက်ဆုံး မင်းလက်နဲ့ကိုယ်တိုင်သတ်ချင်တယ်ဆိုရင်တောင် ငါအသေခံပေးမယ် "

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Tempat cerita menjadi hidup. Temukan sekarang