Unicode 🌹
" ဘာတွေဖြစ်ကုန်တာလဲ ရွမ်ကျွင့် "
အရေးကြီးတယ်ဆိုပြီး ဖုန်းဆက်လို့ သုတ်တီးသုတ်ပြာ ပြန်သာလာခဲ့ရတာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း ကျွန်တော်မသိ ။
အိမ်ရောက်တော့ ရွမ်ကျွင့်က မျက်ရည်စက်လက် ။
သားကလည်းရှိမနေပြန်ဘူး ။
ဒီသားအဖတွေ တကယ်ပဲ ထပ်ပြီးရန်ဖြစ်ကြပြန်ပြီလား ။
သွေးသားသာဆိုတယ် တစ်စက်ကလေးမှမတည့်တဲ့ ဒီတူဝရီးနှစ်ယောက်ကြား ကျွန်တော်ဗျာများခဲ့တာ အခုအချိန်အထိပဲ ။
ဘယ်တော့များမှ ရွမ်ကျွင့်နဲ့ချန်းလော့က တည့်ကြမှာတဲ့လဲ ။
" ရွမ်ကျွင့် ငါမေးနေတယ်လေ "
" ဂျယ်မင်း ၊ သားမရှိတော့ဘူး "
" သားမရှိတော့ဘူး ၊ အဲ့ဒါဘာစကားလဲ ရွမ်ကျွင့် "
" ငါ့အပြစ်တွေပါ ၊ အရာအားလုံးက ငါမစစ်ဆေးမိလို့ဖြစ်ရတာ "
" ဘာလဲ မင်းဘာကိုပြောချင်တာလဲ ၊ ငါ့ကိုသေချာပြောပြပါအုန်း ရွမ်ကျွင့် "
လက်နှစ်ဖက်ကိုဆုတ်ကိုင်ပြီး တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးက ရှိုက်သံကြောင့် တစ်သိမ့်သိမ့်တုန်လို့နေသည် ။
" သားက ငါ့ကိုလက်မှတ်ထိုးခိုင်းတယ် "
" ဘာလက်မှတ်လဲ "
" ကျောင်းကtripအတွက်လို့ပြောလို့ ငါထိုးပေးလိုက်တာ ၊ ဂျီဆောင်ကိုဖုန်းဆက်မေးကြည့်တော့ ဘာမှမရှိဘူးတဲ့ "
" မရှိဘူး ၊ သားကလိမ်သွားတာပေါ့ ၊ ဘာအတွက်လက်မှတ်ထိုးခိုင်းတာလဲ "
" ငါမသိဘူး ၊ ဖုန်းဝင်လာတာနဲ့ ငါလည်းမကြည့်ပဲထိုးပေးလိုက်မိတယ် "
" ဖုန်း ဘယ်ကဖုန်းလဲ "
" ပျောက်သွားပြီဆိုတဲ့ သားရဲ့ဖုန်းနံပါတ်က "
" သားကမင်းနဲ့ရှိနေတာကို ဘယ်သူကအဲ့ဖုန်းနဲ့ဆက်တာလဲ ၊ ကောက်ရတဲ့သူလား "
" မဟုတ်ဘူး "
" ဒါဆိုဘယ်သူလဲ "
" ဂျဲ .. ဂျဲနို "
ESTÁS LEYENDO
🌹ပန်းခြွေမိုး🌹 { 🌹ပန္းေႁခြမိုး🌹 }