🌹 Extra Part 🌹

220 30 6
                                    

Unicode🌹

" သား အဆင်ပြေလား ၊ တစ်နေရာရာက နာတာမျိုးရှိလား ၊ ဖေဖေ့ကိုရော မြင်ရလားဟင် "

ချန်းလော့ပခုံးနှစ်ဖက်ကိုဆုတ်ကိုင်ကာ တရစပ်မေးလို့နေသည့် ဂျယ်မင်းအား ချန်းလော့ကပြုံး၍ကြည့်လို့နေသည် ။

" သား ဖေဖေမေးနေတယ်လေ "

" မြင်ရပါတယ် ဖေဖေရဲ့ ၊ ဖေဖေ့ကိုရော လောကကြီးကိုရော ကောင်းကောင်းမြင်ရတယ် "

" တော်သေးတာပေါ့ကွာ ၊ ဖေဖေ့မှာစိတ်ပူလိုက်ရတာ ၊ ရင်တွေတောင်ပေါက်ထွက်မတတ်ပဲ "

" အရာအားလုံးအတွက် ဖေဖေ့ကိုကျေးဇူးတင်ပါတယ် ၊ စိတ်ပူစေခဲ့မိလို့လည်း တောင်းပန်ပါတယ် ၊ တစ်ခါတစ်လေကျတော့လည်း လောကကြီးကအံ့သြဖို့ကောင်းသား ၊ သွေးသားမတော်စပ်ပေမဲ့ မေတ္တာအပြည့်အဝပေးနိုင်သလို တစ်ချို့လူတွေကျတော့လည်း သူ့သွေးတွေဆင်းနေတာတောင် သားလို့ခေါ်ဖို့ "

" မဟုတ်ဘူး .. အဲ့လိုမဟုတ်ပါဘူး ကလေးရယ် ၊ မင်းဒယ်ဒီကလေ "

အခြေအနေလေးသိချင်လို့လာခဲ့ယုံပါ ။

ဝင်တွေ့ဖို့အတွက် အစီအစဥ်မရှိပေမဲ့ ဂျဲနိုကိုမကောင်းမြင်တာမျိုးမခံနိုင်တာမို့ ရုတ်တရက်ဝင်ကာ ချန်းလော့ပခုံးကိုဆုတ်ကိုင်လှုပ်ခတ်ပြီး ငြင်းဆန်လိုက်တဲ့ အကျိုးဆက်က ဆောင့်တွန်းခံလိုက်ရခြင်းသာဖြစ်သည် ။

" ခင်ဗျား ဘာလာလုပ်တာလဲ ၊ ထွက်သွားစမ်းပါ "

" သား ပါးပါးပြောတာလေး "

" ကျေးဇူးပြုပြီး တည်ငြိမ်နေတဲ့ ကျွန်တော့်ဘဝကို ဒီအတိုင်းလေး လွှတ်ထားပေးလို့မရဘူးလား ၊ ဘာလို့ဒုက္ခတွေလာပေးနေကြတာလဲ "

" ဒုက္ခပေးတာမဟုတ်ရပါဘူးသားရယ် ၊ ဒီအတိုင်း ပါးပါးက "

" မသိချင်ဘူးလို့ ကျွန်တော်ပြောပြီးပြီလေ ၊ ဖေဖေ "

" ရွမ်ကျွင့် သားကအခုမှ ကျန်းမာရေးပြန်ကောင်းဖို့ အစပြုတဲ့ကာလပဲရှိသေးတယ် ၊ ကျေးဇူးပြုပြီး စိတ်ဒဏ်ရာတွေလာထပ်မပေးပါနဲ့ ၊ ငါမင်းကိုနှင်မထုတ်ချင်ဘူး ၊ အဲ့ဒါကြောင့်မို့လို့ မင်းဘာသာမင်းပဲပြန်လိုက်ပါ "

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Where stories live. Discover now