🌹အခန္း - ၈🌹

353 50 14
                                    

Unicode 🌹

ကျောင်းလာကတည်းက ဂျယ်မင်းကိုမတွေ့တာမို့ ရှာနေမိပေမဲ့ အခုထက်ထိ မတွေ့သေး ။

ပုံမှန်လာခေါ်နေကျမို့ မနက်ကများ လာခေါ်လိုခေါ်ငြား စောင့်နေမိပေမဲ့ အရိပ်ကလေးတောင် ပေါ်မလာတဲ့ ဂျယ်မင်းက ကျွန်တော့်ကိုတကယ်စိတ်ဆိုးသွားပြီလား ..

ကျောင်းတက်ချိန်နီးပြီမို့ အခန်းထဲမှာ လူစုံသလောက်ဖြစ်နေပြီကို..

ဘာလို့မလာသေးတာပါလိမ့်..

ကျောင်းမတက်တာများလား.

မဖြစ်နိုင်ပါဘူး..

အတွေးလေးနဲ့ အခန်းဝသို့မျှော်ငေးနေတုန်း ကျောပိုးအိတ်ကြိုးကို တစောင်းစလွယ်သိုင်းကာ ဂျယ်မင်းဝင်လာသည် ။

" ဂျယ်မင်း ငါ .. "

စကားပြောဖို့ပြင်လိုက်ပေမဲ့ အတန်းထဲဝင်လာတဲ့ ဆရာ့ကြောင့် ပြောစရာစကားတို့ကိုမြိုချကာ စာအုပ်ကိုသာထုတ်လိုက်သည် ။

စာသင်ချိန်တစ်လျှောက်လုံး ခိုးခိုးကြည့်နေမိပေမဲ့ ဂျယ်မင်းကတော့ တစ်ချက်ကလေးတောင် အာရုံစိုက်ဟန်မပြခဲ့ဘူး..

စာသင်ချိန်တစ်ချိန်ပြီးတစ်ချိန်ဆက်တိုက်ဝင်နေတာမို့ စကားပြောခွင့်မရခဲ့ပေမဲ့ ထမင်းစားချိန်ကျရင်တော့ စကားပြောလို့ရမှာပါ..

အားတင်းကာ သင်ခန်းစာတွေကို ဂရုစိုက်မှတ်သားပြီး ထမင်းစားဆင်းချိန်ရောက်ပြီမို့ ဂျယ်မင်းက ပစ္စည်းတွေသိမ်းကာ canteenသို့ ထွက်၍သွားသည်မို့ ပစ္စည်းတို့ကပြာကယာသိမ်းကာ နောက်ကပြေးလိုက်ခဲ့တော့ canteenမှာထိုင်ကာ နေ့လည်စာစားလို့တောင်နေပြီ ။

တန်းစီနေတဲ့လူတွေနောက် မတ်တပ်လေးသွားရပ်ကာ နေ့လည်စာအတွက် တန်းစီနေရင်း မကြာခဏဆိုသလို ဂျယ်မင်းကိုလည်း လှမ်းကြည့်ရသေးသည် ။

ပုံမှန်ဆို ကျွန်တော့်အတွက်နေ့လည်စာကို ဂျယ်မင်းကအမြဲယူထားပေးပြီးသားမို့ ဒီနေရာကိုယောင်လို့တောင် ခြေမချဖြစ်ဘူး..

လူတွေများတာမို့ မတိုးဖြစ်ပဲနောက်မှာသာရပ်နေမိခဲ့ခြင်းရဲ့ အကျိုးဆက်က နောက်ဆုံးမှရလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့မိဘူး..

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Where stories live. Discover now