🌹ဇာတ်သိမ်းပိုင်း🌹

212 21 7
                                    

Unicode🌹

" သား "

ဆေးရုံအဝင်ဝကနေ ခွဲစိတ်ခန်းရောက်သည်အထိ တွန်းလှည်းရဲ့နံဘေးမှာ သားရဲ့လက်ကိုကိုင်ပြီး အပြေးလိုက်နေတဲ့ ဂျယ်မင်း ။

ခွဲခန်းထဲဝင်သွားမှသာ လေးတိလေးကန် မာန်လျော့၍ကျန်ခဲ့ရှာသည် ။

သွေးသားမဟုတ်တာတောင် ဒီလောက်အထိ ချစ်ရှာသည်တဲ့လား ။

သောကဗျာပါဒတွေဝေနေတဲ့ ဂျယ်မင်းကိုမြင်မှ ကျွန်တော့်ဘေးနားက မွေးအဖေကြီးကို တစ်ချက်ငဲ့စောင်းကြည့်လိုက်တော့ မျက်လုံးစုံမှိတ်၍ ငြိမ်သက်၍နေသည် ။

သားတစ်ယောက်လုံးဒီလိုဖြစ်နေတာကို မင်းကအေးဆေးအိပ်နေနိုင်တယ်ပေါ့လို့ မေးစရာရှိနေပေမဲ့ သွေးအိုင်ထဲကသားကို ထူမ၍ချီခေါ်ခဲ့တာ သူကိုယ်တိုင်မို့ ထုတ်သာမပြောတာ သူလည်းသောကတော့ပွေနေမှာပဲလေ ။

" အီဂျဲနို မင်း "

ခြေလှမ်းကြဲများနှင့်လျှောက်လာကာ ဂျဲနို အင်္ကျီရင်ဘတ်စကို ရုတ်တရက်ဆောင့်ဆွဲကာ ကိုင်မလိုက်သည့် ဂျယ်မင်းက ဒေါသကြောင့် လက်တွေတုန်ယင်၍နေသည် ။

" ငါ့သားတစ်ခုခုဖြစ်ရင်မင်းကိုငါသတ်မှာ "

အံကိုကြိတ်ကာပြောနေသည့် ဂျယ်မင်းဘေးအပြေးသွားကာ လက်ကိုဆွဲ၍ ဟန့်တားလိုက်တော့ တွန်း၍ထုတ်သည် ။

" ဂျယ်မင်း "

" ငါ့ကိုလာမတားနဲ့ ဟွမ်းရွမ်ကျွင့် ၊ ငါဒီနေ့ ဒီကိစ္စကိုအပြတ်ရှင်းမှာ "

ဒေါသနှင့်မာန်ရောပြွန်းကာ တင်းကြပ်စွာဆုတ်ကိုင်ထားသည့် ဂျယ်မင်းလက်တွေကြောင့် ဂျဲနိုအသက်ရှူကျပ်၍နေလောက်ပြီ ။

" အရင်ဆုံး လက်ကိုလွှတ်ပေးလိုက်ပါ ဂျယ်မင်း ၊ ဂျဲနို သူ သေသွားလိမ့်မယ် "

" သေသွားလိမ့်မယ် ၊ သေသွားလိမ့်မယ် ဟုတ်လား ဟွမ်းရွမ်ကျွင့် ၊ ငါ့လက်နဲ့ဆုတ်ကိုင်ထားယုံနဲ့ မင်းအကောင်သေသွားလိမ့်မယ်ဆိုရင် ဟိုအခန်းထဲက သွေးအလိမ်းလိမ်းနဲ့ ငါ့သား ငါ့သားလေးဆို ဘယ်လောက်နာကျင်နေလိုက်မလဲဆိုတာ မင်းတွေးမကြည့်မိဘူးလား ၊ အဲ့ကလေးက မင်းတူအရင်း မဟုတ်ဘူးလား ၊ ဒီတစ်လောကလုံးမှာရှိတဲ့ မင်းရဲ့တစ်ဦးတည်းသော သွေးသားမဟုတ်ဘူးလား ၊ အော် ငါမေ့နေတာပဲ ၊ မင်းကဒီကောင်ကလွဲပြီး ဘာမှမသိဘူးပဲ ၊ မင်းအဖေ မင်းအမေ မင်းညီမ အခု မင်းရဲ့တူအထိ မင်းမိသားစုအကုန်လုံးက မင်းချစ်လှပါချည်ရဲ့ဆိုတဲ့ ဒီကောင့်ကြောင့်ပဲ ပျက်ဆီးခဲ့ရတာလေ ရွမ်ကျွင့် ၊ မင်းမေ့သွားတာလား "

🌹ပန်းခြွေမိုး🌹 { 🌹ပန်းခြွေမိုး🌹 }Nơi câu chuyện tồn tại. Hãy khám phá bây giờ