1.

2.6K 186 5
                                    

Zawgyi

သေဆုံးခြင်း

လုရှန်းရှန်းက သူမရှေ့ သွေးအိုင်ထဲ လဲနေတဲ့ သူမအစ်ကိုကို တွေ့ရတော့ သူမရဲ့ ကမ္ဘာကြီး ရပ်တန့်သွားသည်။ သူမသည် မယုံကြည်နိုင်တဲ့ အကြည့်နဲ့ ရက်စက်စွာသူမ အစ်ကိုကို သတ်တဲ့ သူမ တစ်ဖက်သက် ချစ်တဲ့ နတ်ဘုရားလို လူကို ကြည့်လိုက်သည်။

" ဘာလို့လဲ အစ်ကိုက ရှင့်ကို ဘာတွေလုပ်လို့... သူ့ကို သေစေတဲ့အထိ.... "

" စိတ်အနောက်ယှက် ဖြစ်လွန်းလို့... အမြင်မကြည်လို့ သတ်လိုက်တာ... "

ပြတ်သားပြီး ရက်စက်တဲ့ လေသံနဲ့ ဆိုလာတဲ့ သူမ ရဲ့ နတ်ဘုရားသည် အေးစက်တဲ့ အရှိန်ဝါ နဲ့ ဆွဲဆောင်မှု ရှိလှသည်။ သို့သော်လည်း သူမသည် ထိုဆွဲဆောင်မှုကို နှစ်သက်သဘောကျမနိုင်ဘဲ ဝမ်းနည်းမှု နဲ့ နာကြည်းမှု တို့ကို အလူးလဲခံစားရသည်။ သူမ သည်းခံမနိုင်ပါ။ သူမရဲ့ စိတ်သဘောကောင်းတဲ့ အစ်ကိုကို သတ်လိုက်သည်က သူမ မျက်ကန်းလိုချစ်မိတဲ့ ထိုလူကို မုန်းတီးစေမိပြီ။ သူမ ထိုလူအပေါ် ချစ်ခင်မှုအပြည့်နဲ့ သည်းခံလာတဲ့ စိတ်ကလေးသည် နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီး။ မကျန်တော့ပါ။ အချစ်လား။ လေးစားချင်းလား။ အခုတော့ အမုန်း၊ အမုန်းတွေသာ သူမ၏ စိတ်ထဲစုပြုံလာသည်။

" လင်းရှောင်!!... ကျွန်မ ရှင့်ကို ခွင့်မလွတ်နိုင်အောင် မုန်းတီးလာပြီး... မချစ်နိုင်အောင် မုန်းတယ်.... "

" အမ်း... မင်း က ငါ့ကို မုန်းပြီလား... ငါ့ အထင် မင်းက ငါ့ကို သေတဲ့အထိ စိတ်အနောက်ယှက် ဖြစ်စေတဲ့ အချစ်နဲ့ ဆက်ချစ်နေမယ်ထင်တာ... နောက်ဆုံးတော့ မင်းလို အရှူးလို အချစ်ကြောင်း အော်နေတဲ့ သူ ငါ့အနားမှာ မရှိနိုင်တော့ဘူး...အခုချိန်မှာ ငါ ဘယ်လောက်ထိ စိတ်ချမ်းသာမလဲ မင်းမသိဘူး "

ထိုစကားတွေကို အတည်ပေါက် ပြောလာတဲ့ လင်းရှောင်ကြောင့် သူမရဲ့ နှလုံးသားလေးကို ရက်စက်စွာ အေးစက်စေသည်။ မသိနားမလည်နိုင်အောင် သူမသည် အရင်တုန်းက လင်းရှောင် ကို ဘာလို့များ အရှူးမူးဖြစ်ပြီး ချစ်ခင်စွဲလန်းရတာလဲ။ ဘာကြောင့်များ သူမက ထိုမျှ လူမဆန်အောင် သူမအပေါ် ရက်စက်တဲ့ သူကိုမှ နှစ်သက် ပျော်ဝင်ခဲ့တာလဲ။ အခုတော့ ထိုသူကြောင့် သူမကို နောက်ဆုံးထိ ချစ်ခင်ကြင်နာတဲ့ အစ်ကိုဖြစ်သူ လုရီဖေး က သူမကို တစ်ယောက်ထဲ ချန်ထားခဲ့ပြီး။ သူမရဲ့ တစ်ဦးတည်းသော ကျန်ရစ်တဲ့ မိသားစု၊ဘက်တော်သား၊ အစကနေအဆုံးထိ သူမကို အမြဲတမ်း ချစ်ချစ်ခင်ခင် ဆက်ဆံတဲ့ တစ်ဦးတည်းသော အစ်ကို လုရီဖေး နောက်ဆုံးတော့ သူမရှေ့မှာ သေနေပြီ။ လက်မခံနိုင်ဘူး သူမရဲ့ အစ်ကို အခုလို သနားစရာနဲ့။ မုန်းတယ် လင်းရှောင်။

ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်Where stories live. Discover now