(( Z ))
- တားမြစ်တောအုပ်ထဲက နတ်ဆေးဆရာ
လုရှန်းရှန်းက လေ့ကျင့်ရေးကွင်းမှာ ခွန်အားစွမ်းအင် ကို အကုန်သုံးပြီး ပြေးနေတယ်။
သူမ ဖက်ထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်တွေးရင်း အရင်ဘဝက အသုံးမကျလွန်းတဲ့သူမကြောင်း ကို ပြန်တွေးပြီး နောင်တကြီးစွာ ရပြီး ဝမ်းနည်းနေသည်။
သူမ စာအုပ်ကို ဖတ်ပြီးချိန်မှာ အရင်ဘဝက မလေ့ကျင့်ခဲ့ရတဲ့ သူမရဲ့ အချိန်တွေကို နှမျောတသစွာ ဖြစ်မိတယ်။
ဒီဘဝမှာ သူမရဲ့ အချိန်တွေကို စွမ်းအားမြင့်တင်ရေးမှာ အကျိုးရှိရှိအသုံးချတော့မယ်။
သူမက ကောင်းကောင်းလေ့ကျင့်ရင့် အဆင့်မြင့်တဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကို အနိုင်ယူဖို့ မခက်ခဲတော့ဘူး။
ဒီအကြောင်းကို တွေးပြီး သူမရဲ့ စိတ်တွေက ထိန်းမရအောင် ပြင်းထန်းစွာ လှုပ်ရှားနေပြီး သေသေချာချာ မထိန်းနိုင်အောင် ဖြစ်နေသည်။
ဒါကြောင့် သူမက ခွန်အားစွမ်းအင် ကို အားကုန် အသုံးချပြီး ပြေးခုန်ဖို့ အသုံးပြုလိုက်သည်။
ဖြစ်နိုင်ရင် သူမက တစ်စုံတစ်ယောက်နဲ့ အားကုန်တိုက်ခိုက်ချင်သည်။
ဒါပေမဲ့ အခုချိန်မှာတော့ သူမ နဲ့ တိုက်မယ့်သူမရှိလို့ မတက်နိုင်ဘဲ လေ့ကျင့်ရေးကွင်းထဲမှာ ရှိသမျှအားတွေ ကုန်သွားအောင် အဆက်မပြတ် ပြေးနေလိုက်သည်။
အတိတ်ဘဝက အသုံးမကျလွန်းတဲ့ သူမအပေါ်က မကျေနပ်မှုတွေကို ဖောက်ခွဲပစ်ပြီး အဓိပ္ပာယ် ဖော်လို့မရတဲ့ အသံတွေနဲ့ ပြင်းထန်းစွာ အော်ဟစ်ပြီး ပြေးနေလိုက်သည်။
သူမက ကျယ်ပြန့်တဲ့ လေ့ကျင့်ရေးကွင်းမှာ တပတ်ပြီးတပတ် ပြေးနေပြီး အသံကုန်အောင်ဟစ်ပြီး ပြေးနေလိုက်သည်။
ထိုသို့ အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ပြေးနေသည်။
နောက်ဆုံးမှာ ဘယ်လောက်ထိ အော်ဟစ်ပြီး ပြေးနေခဲ့လဲ သူမ မမှတ်မိခဲ့ဘူး။
သူမ မောပန်းတဲ့အသိရချိန်မှာ မနက်ခင်း နေရောင်ခြည်အစွန်းအစတွေက သူမအပေါ် ဖြာကျနေပြီး။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...