Z
- နတ်စွမ်းအင် ကို နေ့တိုင်းယူမယ်
သူ့ကို စိတ်ဝင်တစားနဲ့ မေးလာတဲ့ လူကို ကြည့်ပြီး လုရီဖေး က
" ဟုတ်တယ် ဒါကြောင့် ကျွန်တော် နဲ့ ကတိကဝတ် စာချုပ်ကို ချုပ်ပါ "အဲဒီလူက သဘောကျစွာ ရယ်လိုက်သည်။
" ကောင်းပြီလေ။
ဒါပေမဲ့ ငါက နတ်စွမ်းအင်အရင်းမြစ်ကို နတ်အမြုတေဖွဲ့တည်ခြင်းအဆင့် ဖြစ်မှ လိုချင်တာ။
မင်းက အဲဒီအထိ မရောက်သေးဘူး "လုရီဖေး က ထိုသို့ကြားတော့ ကူရာမဲ့စွာ ဖြစ်သွားသည်။
သူက ဘာနဲ့ လှဲလယ်ရမှာကို တွေးလို့မရတော့ဘူး။
စိုးရိမ်မှုတွေကြောင့် အမှုမဲ့ သူ့ရဲ့ ကိုယ်ပျောက်လက်စွပ်ကို ပွတ်လိုက်မိသည်။ထိုလူက ငြိမ်သက်ပြီး ကူရာမဲ့နေတဲ့ လုရီဖေးကို ကြည့်ပြီး ပြုံးလိုက်သည်။
" အမ်း၊
ဒါပေမဲ့ ငါက မင်းကို အခွင့်ရေး ပေးမယ်။ ""ဟင်" လုရီဖေး ထိုသူကို မျှော်လင့်စွာကြည့်လိုက်သည်။
ထိုလူက လုရီဖေး ရဲ့ မေးကိုကိုင်ပြီး ညင်သာစွာ ပြောလိုက်သည်။
" ငါက မင်း နတ်အမြုတေကို ဖွဲ့စည်းနိုင်တဲ့အထိစောင့်ပြီး မင်းရဲ့ နတ်စွမ်းအင် အမြုတေကို ယူမယ်။
ပြီးတော့ ဒီအချိန်အတွင်း စောင့်ဆိုင်းရတဲ့ အတွက် အတိုးအနေနဲ့ မင်းဆီက မလိုအပ်တဲ့ နတ်စွမ်းအင်ပိုတွေကို နေ့တိုင်းယူမယ်။
ငွေရောင်ငှက် ကို ပေးစရာ မလိုတော့ဘူး။
ငါက သူ့အတွက် စွမ်းအင်စုစည်းခြင်း အစီအရင်ကို ဖွဲ့စည်းပေးမယ်။ "" တကယ်လား " လုရီဖေး က သူ့မေးကို ကိုင်တဲ့လက် ဆွဲယူပြီး စိတ်လှုပ်ရှားစွာ မေးနေတယ်။
ပျော်ရွှင်နေတဲ့ သူ့ကို ကြည့်ပြီး ထိုလူက ပြုံးလိုက်ကာ
သူ့နားကိုကပ်ကို တိုးတိုးလေး ပြောလိုက်သည်။" တကယ်ပဲ။
အခုတော့ ဒီနေ့ ရဲ့ အဖိုးအခ ကို ပေးတော့ "နားမလည်တဲ့ လုရီဖေး က သူ့ကို မျက်တောင်ခတ်ရင်း ကြည့်လိုက်သည်။
အဲဒီအချိန်မှာပဲ လုရီဖေး က သူ့နှုတ်ခမ်းမှ အထိအတွေ့ကြောင့် အံ့ဩသွားရသည်။
အာ။
မဟုတ်ဘူး။သူက ငြင်းဆန်ဖို့ ထိုလူရဲ့ ရင်ကိုတွန်းလိုက်ပေမယ့်။
အားမတန်ပဲ သူ့လက်တွေသာ အဖမ်းခံရပြီး မကျေနပ်တဲ့ ထိုလူက သူ့ကို ငွေနှင်းဖြူသစ်ပင်ကြီးမှာ ဖိကပ်ထားပြီး ပြင်းထန်းစွာ နမ်းရှိုက်နေသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...