((Z))
- ဘယ်သူက ပိုပြီးသင့်တော်တဲ့ ကိုယ်ရံတော် ဖြစ်မလဲ
လုရီဖေး က လုရှန်းရှန်း နဲ့ နှစ်ယောက်ထဲ စကားပြောဖို့ ကျောက်သားနန်းတော် ရဲ့ အနောက်အရပ်မှာရှိတဲ့ စွမ်းအင်အကာကွယ်စည်းတွေနဲ့ ကာကွယ်ထားတဲ့ လှိုင်ဂူ ကို ခေါ်သွားသည်။
ဝမ်ဟော်က လုရီဖေး သူ့ကို မခေါ်သွားလို့ စိတ်မကောင်းဖြစ်သွားတယ်။
သူက သူတို့နောက်တိတ်တိတ်လေးလိုက်သွားပေမဲ့ လုရီဖေး က လှိုင်ဂူရဲ့ အကာကွယ်စည်းကိုဖွင့်ပြီး ပြန်ပိတ်လိုက်လို့ လှိုင်ဂူရဲ့အပြင်ဘက်မှာ ကျန်နေခဲ့တယ်။
သူက သူ့စွမ်းအားနဲ့ လှိုင်ဂူရဲ့ စည်းကို ဖွင့်ဖို့ ကြိုးစားပေမဲ့ ကျရှုံးတာပဲအဖက်တင်တယ်။
အကြောင်းက လှိုင်ဂူရဲ့အကာကွယ်စည်းက တော်ဝင်မိသားစုသွေးပါတဲ့လူမှ ဖွင့်လို့ရခြင်းဖြစ်တယ်။
သူက စိတ်ပျက်လက်ပျက်နဲ့ လှိုင်ဂူရှေ့က ကျောက်တုံးပေါ်မှာ ထိုင်လိုက်သည်။
လှိုင်ဂူထဲမှာတော့ လုရှန်းရှန်းက လုရီဖေး နောက်ကို လိုက်ပြီး ကြီးမားကျယ်ဝန်းလှတဲ့ လှိုင်ဂူအတွင်းရှိ အခန်းများကို အံ့အားသင့်စွာ လိုက်ကြည့်နေသည်။
လှိုင်ဂူအတွင်းမှာ ကျယ်ဝန်းပြီး ရှည်လျားတဲ့လမ်းနဲ့ သေသေချာချာ ထုထွင်းပြုလုပ်ထားတဲ့ အခန်းပေါင်း များစွာရှိသည်။ လှိုင်ဂူကို အပြင်ဘက်ကကြည့်ရင် ငါးထပ်တိုက်သာသာရှိပေမဲ့ အထဲမှာတော့ ဆယ်ဆမကပိုကြီးမားသည်။
ဓားနတ်ဘုရားချန်ရိထျန်းက လှိုင်ဂူထဲမှာ သီးသန့် လေဟာနယ်နယ်မြေတွေကို ဖန်ဆင်းတည်ဆောက်ထားပြီး နတ်ဘုရား နယ်မြေကို သွားနိုင်တဲ့ တံခါးကိုလည်း တည်ဆောက်ထားသည်။
လုရီဖေးက လုရှန်းရှန်းကို
သူမ စွမ်းအင်အရင်းမြစ်ကို ချိပ်ပိတ်ထားတဲ့ အခန်းကို ခေါ်လာသည်။" ဒါက မင်းရဲ့ နတ်စွမ်းအင်အရင်းမြစ်ကို ချိပ်ပိတ်ထားတဲ့ နေရာပဲ"
လုရှန်းရှန်းက လုရီဖေး ပြတဲ့ အခန်းကို ကြည့်လိုက်သည်။
အခန်းတစ်ခုလုံးက အနက်ရောင်တွင်းကြီးတစ်ခုလိုဖြစ်နေပြီး သန့်စင်တဲ့ အလင်းရောင်တစ်ချက် တစ်ချက်လက်နေသည်။ ချိပ်ပိတ်ထားတဲ့အကာကွယ်စည်းရှိပေမဲ့ အလင်းတစ်ချက်လက်တိုင်း ထက်မြတ်တဲ့ဓားအရှိန်ဝါက ကြည့်သူရဲ့ စိတ်ဝိညာဉ်အထိကိုတောင် အပိုင်းပိုင်း ဖြတ်တောက်နေသလို ဖော်ပြလို့မရတဲ့ နာကျင်မှုကို ခံစားရစေသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...