Zawgyi
- စာကြည့်ခန်းက စကားဝိုင်း
လုရီဖေး က သူ့ဦးရီးတော်ရဲ့ အလာကို စောင့်နေရင်း၊ လှုပ်ရှားနေတဲ့ စိတ်ကို ကြိုးကြိုးစားစား နဲ့ တည်ငြိမ်အောင် ထိန်းလိုက်သည်။
သူ့ဦးရီးတော်ကို ရင့်ကျက်ပြီး တည်ငြိမ်တဲ့
ရှင်ဘုရင်တစ်ပါးရဲ့ အသွင်နဲ့ တွေ့ချင်တယ်။ဒါကြောင့် သူက တည်ငြိမ်စွာထိုင်ပြီး စူးစိုက်တဲ့မျက်လုံးနဲ့ သူ့ ဦးရီးတော် အလာကို စိတ်အေးအေးထားပြီး စောင့်နေသည်။
ဒါပေမဲ့ ခဏတာ အချိန်က စောင့်နေသူအဖို့ ကြာညောင်းလှသည်။
'ငါ ခန့်မှန်းတာ မှန်ရင် ဦးရီးတော်က အခုချိန်ဆို ဒီမှာ ရောက်လာရမယ်လေ' လုရီဖေး က ထိုသို့တွေးရင်း စိတ်အေးအေးမထားနိုင်တော့ဘဲ သူ့ဦးရီးတော် ကို ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်ကို ကြည့်လိုက်သည်။
သူ့ကြည့်တဲ့ အချိန်မှာဘဲ သူ့ ဆက်သွယ်ရေးစက်က မြည်လာသည်။
လုရီဖေး က ခေါ်ဆိုသူ ကို ကြည့်လိုက်သည်။ ထိုနောက် သူ့စိတ်ကို တည်ငြိမ်စွာ ထားလိုက်ပြီး ဖြေဆိုမှုကို နှိပ်လိုက်သည်။
" ဘာအလိုရှိလို့ ငါ့ကို ဆက်သွယ်ရတာလဲ ခေါင်းဆောင်ချန်းလီ "
[ " အရှင်ရေ ကျွန်တော်မျိုးကို ကယ်ပေးပါအုံး "]
" စိတ်အေးအေးထားပြီး... ဘာဖြစ်တာလဲ ငါ့ကို ရှင်းပြ "
ခေါင်းဆောင်ချန်းလီ ရဲ့ အားကိုးတကြီး လေသံကြောင့် လုရီဖေး သူ့ကို တည်ငြိမ်အေးချမ်းတဲ့ လေသံနဲ့ ပြောလိုက်သည်။
....
အခြားတစ်ဖက်က ခေါင်းဆောင်ချန်းလီ က တည်ငြိမ်အေးချမ်းတဲ့ ရှင်ဘုရင် ရဲ့ လေသံကို ကြားရတော့ စိတ်ထဲမှာ နေသာသွားသည်။ ဒီအသံကြောင့်
သူ့ရဲ့ လေးလံနေတဲ့စိတ်တွေ ပေါ့ပါးသွားသည်။" အဲဒါက မင်းသမီးလေးကြောင့်ပါ "
[ "ရှန်းရှန်းကြောင့်လား ဘာဖြစ်လို့လဲ "]
သူ့စိတ်ထဲမှာ သက်သာသွားလို့ ချန်းလီ က နေပူပူထဲ ပြေးနေတဲ့ လုရှန်းရှန်း ကို ကြည့်ပြီး၊ ဖြစ်နေတဲ့ အရာကို လုရီဖေး အား ချောမွှေ့စွာ ရှင်းပြလိုက်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...