Zawgyi
-မင်းတို့တွေ တည့်သွားကြပြီလား
ကန့်သတ်ထားတဲ့ ဘုရင် ခန်းမဆောင် တွင် လုရီဖေး က ဝန်ကြီးတွေပေးပို့ထားတဲ့ နိုင်ငံရဲ့ ထူးချွန်လူငယ်တွေ ပြုစုတင်ပြထားတဲ့ စီးပွားရေး တိုးတက်ရေး ဆိုင်ရာ စီမံချက် စာတမ်းတွေကို လေ့လာနေသည်။
လုနိုင်ငံရဲ့ နိုင်ငံသားတွေက ကိုယ်ခံပညာ ကို ပင်မ အရေးကြီးဆုံး အလုပ်လို သဘောထားတာ နိုင်ငံတည်ထောင်ခါစ အချိန်တုန်းကပါ။ ဒါက လုနိုင်ငံ ကို အင်အားတောင့်တင်းတဲ့ နိုင်ငံဖြစ်စေသည်။ လုနိုင်ငံရဲ့ နိုင်ငံသားတွေက ဘိုးဘေးတွေရဲ့ အစဉ်လာကို ထိန်းသိမ်းပြီး လိုက်နာကျင့်သုံးခဲ့လို့ လုနိုင်ငံရဲ့ အင်အားက တိုးတက်လာသည်။
ဒါပေမဲ့ ခေတ်တွေက ပြောင်းလဲလာတော့ အခြားနိုင်ငံတွေရဲ့ တိုးတက်ပြောင်းလဲလာတဲ့ စီးပွားရေး နဲ့ နည်းပညာ မျိုးစုံကို လိုက်မီဖို့ အဝေးကြီး လိုနေသည်။ ဒါက လုနိုင်ငံကို အခြားနိုင်ငံနောက်က အဝေးကြီး ကျန်စေခဲ့သည်။
လုနိုင်ငံရဲ့ နယ်မြေက သယံဇာတ ပေါကြွယ်ဝသည်။ အရင်းမြစ်များစွာက သုံးတတ်ရင် အခြားနိုင်ငံကို ကျော်တက်ဖို့ မခက်နိုင်ပါ။ သို့သော်လည်း ဘိုးဘွားစဉ်ဆက်က သယံဇာတ များစွာကို လိုတာထက်ပိုပြီး လောဘတကြီး မတူးဖော်မသုံးကြဘဲ ရေရှည်ကိုကြည့်ပြီး လိုအပ်သည်ကိုသာ ထုတ်ယူသုံးစွဲသည်။ လုနိုင်ငံကို တည်ထောင်တွေသူက ကမ္ဘာကြီးကို မိဘလိုသဘောထားပြီး ကမ္ဘာကို ချစ်ခင်ကြလို့ သာဘဝ တရားကို စောင့်ထိန်းဖို့ စည်းကမ်းများစွာ ချထားခဲ့သည်။ လုနိုင်ငံရဲ့ နိုင်ငံသားတွေက နိုင်ငံရဲ့ စည်းကမ်းချက်တွေကို ဘိုးဘွားစဉ်ဆက်က လိုက်နာကျင့်သုံးတာ အခုချိန်ထိ နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းခဲ့သည်။
လုရီဖေး က နိုင်ငံကို တိုးတက်အောင် ဆောင်ရွက်ချင်ပေမဲ့ ဘိုးဘွားစဉ်ဆက်က ချမှတ်ထားတဲ့ စည်းကမ်းချက်ကို မပျက်ဆီးစေအောင် စီမံခန့်ခွဲဖို့ တွေးနေသည်။သဘာဝ တရားကို မပျက်ဆီးစေတဲ့ တိုးတက်အောင်မြင်တဲ့ စီးပွားရေး စီမံကိန်းတွေ ကို အကောင်းဆုံး ရရှိဖို့ နိုင်ငံရဲ့ ဝန်ကြီးတွေနဲ့ ဆွေးနွေးပြီး ဦးဆောင်ပညာရှင်လူငယ်ပြိုင်ပွဲကို ကျင်းပဖို့ ဆုံးဖြတ်ကြသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...