13

354 55 2
                                    

Zawgyi

- တာဝန်ကိုယ်စီ

လင်းရီ က ရီယွဲ့အာ စကားကြောင့် သူ့အစ်ကို ဖြစ်သူ လင်းရှီ ၏ သူ့အပေါ်ဂရုစိုက်တတ်တဲ့ အမူယာကို ပြန်မြင်ယောင်မိတယ်။

သူ့ကြောင့်မဟုတ်ရင် သူ့အစ်ကို လင်းရှီ က လင်းမိသားစု ခေါင်းဆောင် ဖြစ်ရမှာ။ ဒါပေမဲ့ သူ့ရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မှာ လွန်ကဲလှတဲ့ စူးစမ်းချင်စိတ်ကြောင့် တားမြစ်တောအုပ်ကို ခိုးဝင်ရာမှ အန္တရယ်ကြုံခဲ့ရတယ်။

ထိုအချိန်မှာ သူ့ကိုတားလို့မရတဲ့ လင်းရှီ က သူနဲ့အတူလိုက်လာလို့ သူ့အသက်လေး မပျောက်သွားတာ။ သူ့ကိုကာကွယ်လို့ လင်းရှီ က အသွင်ပြောင်းကျားဘုရင်ကြောင့် ဒဏ်ရာပြင်းထန်ရပြီး နိုးလာမယ့်အချိန်မသိအောင် ကိုမာ ဝင်သွားခဲ့ရတယ်။

အဲဒါက သူ့ရဲ့ အကြီးဆုံးအပြစ် ဖြစ်သလို၊ သူနောင်တအရဆုံး အဖြစ်ပျက်လည်းဖြစ်တယ်။

လင်းရီ က အတွေးများထဲ ငြိမ်သွားသည်ကို ကြည့်ပြီး ရီယွဲ့အာတို့က အသံထွက်ဖို့ဝန်လေးကြကာ တိတ်ဆိတ်သွားကြသည်။

လုရီဖေး က တိတ်ဆိတ်သွားကြတဲ့ သူတွေကို ကြည့်လိုက်သည်။

"...အဟမ်း... " သူ ချောင်းတစ်ချက်ဟန့်လိုက်သည်။

ထိုအခါမှ မိသားစု ခေါင်းဆောင် လေးယောက်က သူ့ကို ကြည့်လာကြသည်။

" ကောင်းပြီ... မင်းတို့တွေ ဆွေးနွေးတာကို နားထောင်ပြီး ကမ္ဘာ ပျက်ကပ်မတိုင်ခင် ငါ လုပ်ဆောင်ချင်တဲ့ အရာကို တွေးမိပြီး "

လုရီဖေး က ပြောပြီး ကျန်းယန် ကို ခေါ်လိုက်သည်။

" ကျန်းယန် "

ကျန်းယန် က လျင်မြန်စွာ ထရပ်သည်။

" ...အရှင်"

လုရီဖေး က သူ့ကို စေ့စေ့ကြည့်သည်။

" မင်းက... လုနိုင်ငံရဲ့ တော်ဝင်စစ်သည်တော်တွေကို လေ့ကျင့်ပေးရမယ်"

" ကျွန်တော်မျိုး အမိန့်အတိုင်း လုပ်ဆောင်ပါမယ်... "

" ကောင်းတယ် ... ငါ နေရာအရပ်ရပ်က လေ့ကျင့်ရေးဆင်းတဲ့ စစ်သည်တော်တွေကို ပြန်ခေါ်ထားတယ်။ အနှေးဆုံး လဝက်အတွင်း သူ့တိုတွေပြန်ရောက်လာမယ်။ သူ့တိုတွေအားလုံးကို စောင့်ရှောက်သူတပ်သားလို တက်ကျွမ်းအောင် လေ့ကျင့်ပေး..."

ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်Where stories live. Discover now