18

352 47 0
                                    

Zawgyi

- စာကြည့်ခန်းက စကားဝိုင်း-၃

လုကျင့် က သူ့လက်ထဲက အမိန့်စာတော်ကို သေသေချာချာ ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ဘာပြသနာမှ မရှိဘူး။ သူက ဒီအမိန့်တော်ကို ကောင်းကောင်းလုပ်ဆောင်ချင်တယ်။ တခြားပါဝင်တဲ့ သူတွေကိုလည်း ကောင်းကောင်းလုပ်အောင် သူ လုပ်ရမယ်။

သူစိတ်ထဲမှာ အစီစဉ်တွေချပြီး လုရီဖေး ကို ကြည့်ပြီး ပြောလိုက်သည်။

" မင်း ဒီရက်တွေမှာ ဒီကိစ္စကြောင့် ကောင်းကောင်း အနားမယူရသေးဘူးမလား၊ အခု ဦးရီးတော် ပြန်လာပြီးမို့ နားချိန်ကျရင် ကောင်းကောင်းအနားယူ"

" ကျွန်တော် နားလည်ပြီး " 

" ကောင်းတယ်၊ ဦးရီးတော် သွားတော့မယ်၊ မပူနဲ့ မင်း ရေးဆွဲထားတဲ့ အစီစဉ် ကို ဦးရီးတော်က အကောင်းဆုံး ဖြစ်အောင်လုပ်မယ် "

လုရီဖေး က သူ့ ဦးရီးတော်ရဲ့'သွားတော့မယ်'ဆိုတဲ့ စကားကို ကြားတော့ သေးသေးလေး စိတ်ပျက်အားငယ်သွားသည် သွားသည်။ ဒါပေမဲ့ သူ့ဦးရီးတော်ရဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် တာဝန်ကို တွေးမိတော့ သူ့စိတ်ကိုထိန်းလိုက်သည်။

သူက တည်ငြိမ်တဲ့ အသံနဲ့ ပြောလိုက်သည်။

" ကျွန်တော် သတင်းကောင်းကို စောင့်နေမယ် "

လုကျင့် က သူ့ဆီက စကားကိုကြားတော့ ပြုံးလိုက်ပြီး သူစစ်ထားတဲ့ အမိန့်စာတော်တွေကို သူ့နေရာလွတ် လက်ကောက်ထဲ သိမ်းလိုက်သည်။

လုရီဖေး က သူ့လက်ကောက်ကို တွေ့တော့ အံ့ဩသွားပြီး၊ သိချင်စွာ မေးလိုက်သည်။

" အဲဒါက မှော်ရတနာလား "

" မှော်ရတနာ အစစ်မှန်တော့မဟုတ်ဘူး၊  ဒါက 'S'နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာ နဲ့ ရှားပါတဲ့မှော်စွမ်းအင် ကျောက်တမျိုးကို ပေါင်းစပ်ပြီး လုပ်ထားတဲ့ အဆင့်မြင့်နည်းပညာပစ္စည်းတစ်ခုပဲ၊ ဒါပေမဲ့ သူ့ရဲ့ အသုံးဝင်မှုက တော်ဝင်မိသားစုရဲ့ အမွေအနှစ်ဖြစ်တဲ့ 'နတ်ဘုရား ဒဏ္ဍာရီ ' စာအုပ်ထဲမှာ ပါဝင်တဲ့ သိုလှောင်လက်စွပ် နဲ့ အတူတူပဲ၊"

ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်Where stories live. Discover now