Zawgyi
အတိတ်ဘဝက အကြောင်းများကို တွေးတောခြင်း -----၂
လုရှန်းရှန်းက အရင်ဘဝမှာ သူမရရှိထားတဲ့ စွမ်းအားဖြစ်တဲ့ နတ်ဘုရားခွန်အားစွမ်းအင်က သူမကို သာမန်ထက်သာလွန်ပြီးခွန်အားကြီးစေပေမဲ့ အခြား စွမ်းအင်တွေဖြစ်တဲ့ ရေခဲ၊ မီး၊ မိုးကြိုး၊ ရေ၊ လေ၊ သတ္တု ၊စိတ်စွမ်းအင်၊ နေရာလပ် အစရှိတဲ့ စွမ်းအင် တွေနဲ့ယှဉ်ရင် သူမရရှိထားတဲ့စွမ်းအင်ကို သူမအတော်လေး မကျေနပ်ပဲ မနှစ်သက်ခဲ့ပါ။
ဒါပေမဲ့ ဒီဘဝမှာ တော့ ကြီးမားတဲ့ ခွန်းအားကို အဆုံးဆွန်ထိ မြင့်တင်ပြီး ထူးခြားတဲ့ စွမ်းအားရှင်ဖြစ်အောင် ကြိုးစားမယ်။ အရင်ဘဝမှာ သူမက ခွန်းအားတစ်မျိုးသာရှိတဲ့ စွမ်းအင်ကို အထင်သေးပြီး ကောင်းကောင်းမလေ့လာခဲ့ပဲ လစ်ရှူမိပြီး နောက်ပိုင်းမှာ နတ်ဘုရားခွန်းအားစွမ်းအင် ပိုင်ဆိုင်တဲ့ ကာကွယ်သူ ကျန်းထျန်းလုံ က ခွန်းအားအပြည့်နဲ့ စစ်နတ်ဘုရားတစ်ပါးလို အစွမ်းထက်တာကို တွေ့ရမှ သူမ အချိန်အများကြီးမှာ သူမစွမ်းအင်ကို တိုးတက်အောင် မလုပ်ခဲ့တာကို နောင်တရခဲ့တယ်။
ကံကောင်းလို့ အရင်ဘဝမှာ သူမအစ်ကို က သူမကို ကာကွယ်ပေးလွန်းလို့ သူမမှာ နတ်ဘုရားခွန်အားစွမ်းအင် ကို အဆင့်အမြင့်ကြီး မမြင့်တင်နိုင်ခဲ့လည်း အဆင်ပြေခဲ့တယ်။ သူမဘဝထဲမှာ လင်းရှောင် သာ မဝင်လာခဲ့ရင် သူမအစ်ကို စွမ်းအားကြောင့် သူမနဲ့ သူမအစ်ကို က ကပ်ဆိုးကြီး အောင်မြင်မှု ရရှိတဲ့ နောက်ဆုံးထိ အဆင်ပြေပြေနေနိုင်တယ်။
အရင်ဘဝမှာ သူမအစ်ကို က အရမ်းကို စွမ်းအားကြီးသလို သူမကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်ပေးပြီး အလွန်ချစ်ခင်ကြင်နာပေးတယ်။ထိုကြင်နာမှုကို သူမ မမေ့နိုင်အောင်မှတ်မိသေးတယ်။
နူးညံ့တဲ့ မိန်းကလေး ဖြစ်တဲ့ သူမက သူမနဲ့မလိုက်ဖက်တဲ့ ခွန်အားကြီးမားတဲ့ နတ်ဘုရားခွန်အားစွမ်းအင် ကို ရရှိခဲ့တယ်။ အရင်ဘဝမှာ သူမ ဒီစွမ်းအင်ကြောင့် မလိုသူတွေမှာ အစနှောက်ခံရသည်။ သူမရဲ့ ခွန်အားကြီးတဲ့ စွမ်းအင်က အခြားသူတွေ နဲ့ ယှဉ်ရင် ထူးခြားမှု မရှိသလို လှပမှု မရှိတာကြောင့် သူမ ဝမ်းနည်းခဲ့သည်။သူမဝမ်းနည်းတာကို မမြင်ချင်တဲ့ သူမအစ်ကို လုရီဖေး က သူ့ရဲ့ စွမ်းအင်ဖြစ်တဲ့ ရေခဲစွမ်းအင်တွေကို သူမ အသုံးပြုနိုင်အောင် နည်းအမျိုးမျိုးစမ်းသပ်ခဲ့သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...