34

390 29 4
                                    

((Z))

- လွတ်ချလိုက်

လုရှန်းရှန်းက ကျောက်စာတိုင်ရှေ့ကို လာပြီး သူမတို့ရဲ့ ဘိုးဘေးနတ်ဘုရားရဲ့ အသိစိတ် နဲ့ ဆက်သွယ်လိုက်သည်။

သူမက ပုံရိပ်ယောင်နယ်မြေကို ရောက်ရှိသွားသည်။

ဘိုးဘေးနတ်ဘုရား က ဒီတခါ အေးချမ်းသာယာတဲ့ ပုံရိပ်ယောင်နယ်မြေကို ဖန်ဆင်းထားတယ်။

စိမ်းလန်းသောအပင်တွေ၊
အဖြူရောင်ယုန်လေးတွေ၊
ရောင်စုံပန်းတွေနဲ့
ကြင်လင်တဲ့စမ်းချောင်းတစ်ခုရှိပြီး လေပြေလေးတညင်းညင်းနဲ့ ဖြစ်လို့ အမြင်နဲ့စိတ်ကို အေးချမ်းစေတယ် ။

သူမက ပြေလေလေးတိုက်တာကို ခံစားရပြီး တိုနေတဲ့သူမဆံပင်လေးတွေ လေနဲ့အတူလွင့်မျှောသွားသလို ခံစားရနေတယ်။

ဘိုးဘေးနတ်ဘုရား က စမ်းချောင်းဘေးက ကျောက်တုံးကြီးပေါ်မှာ ထိုင်နေတယ်။

သူက သူမကို လှည့်ကြည့်လာပြီး
" ဒီမှာ လာထိုင် "

သူမက သူ့စကားကို နာခံစွာဖြင့် သူ့ဘေးကနေရာမှာ သွားထိုင်လိုက်တယ်။

သူမထိုင်ပြီးတဲ့အထိသူစောင့်ပြီး သိမ်မွှေ့ညင်သာတဲ့အသံနဲ့ သူမကို ပြောလာတယ်။

" မင်း စိတ်ညစ်နေတာမလား...
ဒီကနေရာက မင်းကို စိတ်အေးချမ်းစေမယ်...
မင်းဘာအကြောင်းကြောင့်စိတ်ညစ်လဲ...
မင်းရဲ့စိတ်မတည်ငြိမ်မှုကြောင့် မင်းရဲ့စွမ်းအားနဲ့ကျင့်ကြံရေးကို မထိခိုက်စေနဲ့...
မင်းစိတ်ညစ်ခြင်းရဲ့ အရင်းမြစ်ကို ဖြေရှင်းလို့မရရင်
လွတ်ချလိုက်...
လူတွေက အရာအားလုံးကို ပြီးပြည့်စုံအောင် အကုန်မလုပ်နိုင်ဘူး...
မင်းလည်း မလုပ်နိုင်တဲ့အရာကြောင့်စိတ်မညစ်နဲ့...
မင်းလုပ်နိုင်တဲ့အရာတွေအများကြီးရှိနေပြီး
မင်းလာလုပ်မဲ့အချိန်ကို စောင့်နေကြတယ်... "

ထိုစကားတွေကိုကြားတော့ သူမရဲ့စိတ်က တဖြည်းဖြည်း တည်ငြိမ်လာသည်။ ထိုကြောင့် သူမက
သူမနဲ့မဆိုင်တဲ့ကိစ္စမှာ လိုက်ရှုပ်ဖို့မတတ်နိုင်လို့ စိတ်ညစ်နေတာကို သတိထားမိလိုက်တယ်။

သူမက သူမအစ်ကိုကို အလေးထားလွန်းလို့ သူ့အတွက် ကောင်းတယ်ထင်တဲ့ သူမရဲ့လိုရာကို လုပ်စေချင်ပြီး သူ့ဘဝကို သူမရဲ့ဂရုစိုက်ကာကွယ်မှုနဲ့ကုန်ဆုံးစေချင်တယ်။

ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်Where stories live. Discover now