Zawgyi
- ဦးရီးတော် လုကျင့်
လုရီဖေး က အမိန့်စာ ရေးပြီးလို့ မျက်လုံးမှိတ်ပြီး အနားယူ ဖို့ ရှိသေး...
သူ့စက်သွယ်ရေးစက်က အသံမြည်လာသည်။
သူ့ မျက်လုံးကိုအသာဖွင့်ပြီး ခေါ်ဆိုသူ အမည်ကို လှမ်းကြည့်လိုက်သည်။ ခေါ်ဆိုသူအမည်ကိုတွေ့တော့ သူ စိတ်လှုပ်ရှားစွာနဲ့ ဖြေဆိုမှုကို လျင်မြန်စွာ နှိပ်လိုက်သည်။
အခြားတစ်ဖက်က သူ့ရဲ့ အလျှင်လိုမှု သဘောကျတဲ့ အလား ရွှင်မြူးတဲ့လေသံ နဲ့ ပြောလာသည်။
[ အိုး... ငါ့ရဲ့ မင်းသားလေး ငါ့ကို သတိရလား ]
လုရီဖေး က မကြားရတာကြာပြီဖြစ်တဲ့ ရင်းနီးနေတဲ့ လေသံကိုကြားရတော့ ဝမ်းသာဝမ်းနည်းဖြစ်သွားရသည်။ သူသတိမထားမိဘဲ အသံတွေ တုန်ယင်သွားသည်။
" ဦး...ဦးရီးတော်..."
[ ဟေး...ငါ မင်းကို သတိရတယ်နော် မင်းသားလေး... အာ...မေ့လို့ အခုမင်းက ရှင်ဘုရင်ဖြစ်နေပြီး... ရှင်ဘုရင်လေး မင်းအခု ငါ့အသံကြားလို့ ပျော်လွန်းပြီး ငိုမနေပါဘူးနော်...အရင်လို ငါ့ကို မသွားဖို့ တားခဲ့ဖူးတဲ့ အငိုသန်တဲ့ ကလေးလေးလိုလေ...]
လုရီဖေး က သူအရမ်းသတိရတဲ့ ဦးရီးတော်ဆီက အရင်ဆက်သွယ်လာလို့ အလွန်ပျော်ရွှင်ပြီး မျက်ရည် ဝဲနေသည်။ ဒါပေမဲ့ သူ့ဦးရီးတော်ရဲ့ စကားကိုကြားတော့ သူပျော်ရွှင်နေတာကိုတောင် ရပ်တန့်ချင်သွားသည်။ သူ့ကိုစတဲ့ ဦးရီးတော်ကို စိတ်ဆိုးချင်ပေမဲ့ လက်ရှိအခြေနေကို တွေးရင်း စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
" ကျွန်တော် က အခုဆို တည်ငြိမ်ပြတ်သားတဲ့ ရှင်ဘုရင် ဖြစ်နေပြီး၊ ဦးရီးတော် အခု ဘယ်မှာလဲ၊ ပြီးခဲ့တဲ့သုံးနှစ်အတွင်း ဘယ်လိုနေလဲ၊ အရင်တုန်းက ကျွန်တော် ဦးရီးတော်ကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ပေမယ့်၊ ဆက်သွယ်လို့မရခဲ့ဘူး၊ အခုမှ ဘာစိတ်ကူးပေါက်လို့ ကျွန်တော့်ကို အရင်ဆက်သွယ်တာလဲ... "
...
ဆက်သွယ်ရေးစက်မှ လုရီဖေး ရဲ့ မေးခွန်းတွေကြောင့် လုကျင့် က ခဏတာ ငြိမ်သက်သွားပြီး ငွေနှင်းဖြူပန်းပင်ကြီးကို မော့ကြည့်လိုက်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...