33

243 28 1
                                    

((Z))

- တားမြစ်တောအုပ်ထဲမှာ လေ့ကျင့်ခြင်း-၎

လုရှန်းရှန်းက အကာကွယ်စည်းထဲကို ပြန်ပြေးဝင်လာသည်။
သူမက ဒီနေ့ကိစ္စတော်တော်များများကို ကြုံတွေ့ရတယ်။

ဝမ်းသာစရာရော၊ ဝမ်းနည်းစရာရော၊ ထိတ်လန့်စရာရော စုံနေလို့ သူမစိတ်တွေပင်ပန်းနေပြီး။

သူမမျက်လုံးကို မှိတ်လိုက်ပြီး မြေပေါ်ကို လဲချလိုက်သည်။
ညနေခင်း ရဲ့ နေရောင်ခြည်ဟာ သူမကို ဖြာကျနေပြီး ညလေအေးရဲ့လေတိုက်မှုကြောင့် သစ်ရွက်လေးတွေက သစ်ပေါ်ကနေတဖြုတ်ဖြုတ်ကြွေကျနေပြီး သူမပေါ်ကိုကျလာသည်။

သူမရဲ့ မျက်လုံးကို ဖွင့်ပြီး လက်တစ်ချက်ယမ်းပြီး သူမကိုယ်ပေါ်က သစ်ရွက်လေးတွေကို လွင့်ထွက်သွားစေလိုက်သည်။

ထိုနောက် သူမက မြေပြင်ပေါ်ထထိုင်လိုက်ပြီး ခြေထောက်ပေါ်လက်ထောက်ကာ ကြွေကျလာတဲ့ သစ်ရွက်လေးတွေကို ငေးလိုက်သည်။

.....

လုရီဖေး က သတိရလာတော့ သူ ဝမ်ဟော်နဲ့ အိပ်ယာပေါ်ရောက်နေတာကို တွေ့လိုက်သည်။

ထိုနောက် သူက ရေကန်ဖြစ်ခဲ့တာကို ပြန်တွေးမိပြီး မျက်နှာတစ်ခုလုံး နီရဲသွားပြီးသွားသည်။

သူက သူ့ခါးပေါ်က ဝမ်ဟော် ရဲ့ လက်ကို ဖြည်းဖြည်းနဲ့ ဖယ်လိုက်ပြီး တိတ်တိတ်လေး ထလိုက်ပြီး အိပ်ယာပေါ်က ဆင်းလိုက်သည်။

သူ့ခြေဖျားကြမ်းကိုထိတဲ့အခါ သူ့ကိုယ်သူ မထိန်းသလို ဖြစ်သွားပြီး ယိုင်သွားလို့ အိပ်ယာကို မှီထိုင်လိုက်ရသည်။

ထိုသို့ဖြစ်သွားတဲ့အခါ သူရဲ့ မျက်နှာပေါ်က အရောင်တွေဖျော့လာပြီး မျက်ခုံးတွေတွန့်ချိုးသွားကာ သူ့ရဲ့လက်ကို သူ့ပေါင်ပေါ်တင်လိုက်ပြီး မသက်မသာ နဲ့ သက်ပြင်းချလိုက်သည်။

" ညောင်းနေတာလား...
တစ်နေရာရမှာ နာကျင်နေလား...
ကိုယ်ဘာကူပေးရမလဲ "

အိပ်ယာပေါ်က လူကိုမသိစေလို့ သူတိုးတိုးတိတ်တ်လုပ်နေတာကို သူ့နောက်က လူရဲ့ဆီက အသံထွက်လာလို့ လုရီဖေး က အလန့်တကြား လှည့်ကြည့်လိုက်သည်။

ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်Where stories live. Discover now