((Z))
- နတ်ဘုရား သွေးစက်နိုးထခြင်း
မနက်ခင်းအချိန်ခါမှာ လုရှန်းရှန်းက လုရီဖေး ရဲ့ စကားအတိုင်း စာကြည့်ခန်းကို သွားသည်။
သူမရောက်လာတော့ စာကြည့်ခန်းထဲမှာ လုရီဖေး က ရှိနေနှင့်ပြီး။
" ရှန်းရှန်း လာပြီးလား "
လုရီဖေး က လုရှန်းရှန်း ကို ကြည့်ပြီး ပြောကာ၊ သူ့မှော်လက်စွပ်ကိုဖော်ပြလိုက်ပြီးထိကာ၊ မှော်လက်စွပ်ရဲ့ သိုလှောင်နေရာထဲက ရွှေရောင်ပုလင်းသေးသေးတစ်လုံး ထုတ်လာသည်။
ထိုနောက် သူက ပုလင်းကိုဖွင့်ပြီး အထဲက ရွှေရောင်ဆေးလုံးတွေထဲက
တစ်လုံးကို ထုတ်ယူပြီး လုရှန်းရှန်းကို ကမ်းပေးလိုက်ကာ၊" ဒါကို ယူလိုက်"
လုရှန်းရှန်းက လုရီဖေး ပေးလာတဲ့ ရွှေရောင်ဆေးလုံးကိုယူပြီး ကြည့်လိုက်သည်။
သူမက သိချင်တဲ့ဟန် လုရီဖေး ကို သူမရဲ့ အနက်ရောင်မျက်လုံးနဲ့ ကြည့်ပြီး မေးလိုက်သည်။
" ဒါက ဘာလဲ "
" ဒါက နတ်ဘုရား သွေးကို နိုးထစေတဲ့ ရွှေရောင်နိုးထခြင်းနတ်ဆေးလုံးပဲ။
ဒီဆေးလုံးက မင်းရဲ့ ကိုယ်ထဲက နတ်ဘုရားသွေးစက်ကို နိုးထစေပြီး မင်းရဲ့ နတ်စွမ်းအင်ကို မြင့်တင်ပေးစေမယ်။ဆေးလုံးကို စားတဲ့အချိန်မှာ စိတ်ကိုတည်ငြိမ်စွာထားပြီး နိုးလာတဲ့သွေးကြောနဲ့ နတ်စွမ်းအင်တွေကို လှည့်ပတ်လိုက်။
ဒီအခြေနေမှာ မင်းရဲ့ ကိုယ်ထဲက သွေးကြောတွေကို ပြောင်းလဲမှာမို့ နာကျင်မှု ရှိလိမ့်မယ်။
ဒါပေမဲ့ ဒီအခြေကို မင်းရဲ့ ကိုယ်က ခံနိုင်ရည်ရှိရင် မင်းပိုပြီး စွမ်းအားကြီးလာမယ်။ "ထိုသို့ကြားတော့ လုရှန်းရှန်း ရဲ့ မျက်လုံးတစ်စုံက အရောင်တောက်ပသွားသည်။
" ဒါဆို ရှန်းရှန်းက အခု ဒီဆေးကို စားလို့ရပြီလား "
လုရီဖေး က သူမအမေးကိုကြားတော့ ခေါင်းညိတ်ပြလိုက်သည်။
လုရှန်းရှန်းက လုရီဖေး ရဲ့ သဘောတူညီမှုရတော့ ကြမ်းခင်းထားတဲ့ ကော်ဇောပေါ်မှာ တင်ခွေထိုင်ပြီး ဆေးလုံးကို စားလိုက်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်
Fantasyလုရှန်းရှန်းက အရင်ဘဝမှာ သူမ မချစ်သင့်တဲ့သူကို ချစ်မိပြီး သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို ရှူးမိုက်မိတဲ့ အတွက်ကြောင့် သူ၏ ချစ်လှစွာတဲ့ အစ်ကိုကို သေစေခဲ့သည်။ ကောင်းကင်ဘုံ က သူမကို အခွင့်ရေးပေးပြီး ပြန်လည်မွေးဖွားစေတော့ သူမရဲ့ ချစ်လှစွာတဲ့ အစ်ကိုကို တသဲသဲ...