21.

363 42 1
                                    

[ Z ]

- 'နတ်ဘုရား ဒဏ္ဍာရီ' ရှေးဟောင်း စာအုပ်

လုရီဖေး က လုရှန်းရှန်း ရဲ့ မေးခွန်းတွေကြောင့် သူလည်းပဲ သူတို့ကို (သူ့မိဘတွေကို) သတိရမိသွားသည်။

" ခမည်းတော်တို့တွေ နတ်ဘုရား နယ်မြေကို ရောက်ရင် နတ်ဘုရား နယ်မြေက ကျင့်ကြံသူ တွေဖြစ်သွားပြီလေ။နတ်ဘုရား နယ်မြေက ကျင့်ကြံသူတွေ ထက်တော့ အဆင့်နိမ့်ပေမယ့်ပေါ့။

ဒါပေမဲ့ ဘိုးဘေးနတ်ဘုရားထားခဲ့တဲ့ နတ်ဘုရား နယ်မြေကို အုပ်ချုပ်တဲ့ မြင့်မြတ်ဓားတောင်က နတ်ဘုရား ရဲ့ အမိန့်တံဆပ်ပြားမိတ္တူကို ယူသွားတော့ ဘယ်သူမှ ခမည်းတော်တို့ကို အနိုင်မကျင့်နိုင်ဘူးလေ"

လုရှန်းရှန်း က သူမအတွက် ပထမဆုံး ကြားဖူးတဲ့ နတ်ဘုရား ရဲ့ အမိန့်တံဆပ်ပြားရဲ့မိတ္တူကို စိတ်ဝင်စားလာသည်။

" မြင့်မြတ်ဓားတောင်က နတ်ဘုရား ရဲ့ အမိန့်တံဆပ်ပြားရဲ့မိတ္တူက ဘာလဲ "

လုရီဖေး က စိတ်ရှည်စွာ နဲ့ ရှင်းပြသည်။ " အဲဒါက မြင့်မြတ်ဓားတောင်က နတ်ဘုရား ရဲ့ အမိန့်တံဆပ်ပြားအစစ်ရဲ့ စွမ်းအင် တစ်စိတ်တပိုင်းပါတဲ့ အမိန့်တံဆိပ်ပြားမိတ္တူလေ။ ဒီ နတ်ဘုရား အမိန့်တံဆိပ်ပြားမိတ္တူရဲ့ အရေးပါပုံဆိုရရင် နတ်ဘုရား က သူ့ရဲ့ သားမြေး၊ တပည့်တွေကို ပေးထားတဲ့ အသိမှတ်ပြုအမှတ်အသား နဲ့ အကာကွယ် အဆောင်လို့ ပြောလို့ရတယ်။ ဒါရှိရင် အဲဒီ အမိန့်တံဆပ်ပြားရဲ့ပိုင်ရှင် နတ်ဘုရား က ကာကွယ်ပေးပြီးနောက်ခံပေးတယ်ဆိုတဲ့ သဘောဘဲ။ "

" ဝါး ဒါက အသုံးဝင်မှုများတာပဲ " လုရှန်းရှန်းက အံ့ဩစွာ ဆိုပြီး လုရီဖေး ကို မျက်လုံး တောက်တောက်နဲ့ကြည့်လိုက်သည်။  " ရီဖေးကော ဒီ အမိန့်တံဆပ်ပြားရဲ့မိတ္တူတွေ ကော ဆီမှာ ရှိသေးလား။ "

" လောလောဆယ် မှာ မရှိတော့ဘူး " လုရီဖေး က ခေါင်းခါလိုက်သည်။

" ဘာလို့ လောလောဆယ်မှာ မရှိလဲ "

" ဘာလို့လဲဆို ဒီ အမိန့်တံဆပ်ပြားရဲ့မိတ္တူကို နတ်ဘုရား နယ်မြေကို သွားနိုင်တဲ့ အချိန်မရောက်ခင် မရနိုင်ဘူး။ "

ကမ္ဘာပျက်ကပ်မှ မင်းသမီးဆိုးလေးပြန်လည်မွေးဖွားသည်Where stories live. Discover now