Uncover 1

5.8K 434 22
                                    

မိုးဖွဲလေးတွေ ကျဆင်းတဲ့နေ့မှာ ကျွန်တော်တို့ စတွေ့ခဲ့ကြသည်။

ရှစ်နှစ်အရွယ် ဘတ်ဟျွန်းက အသက်အရွယ်နဲ့ မလိုက်ဖက်လောက်အောင် တည်ငြိမ်တဲ့ ကလေးလူကြီးလေး အသွင် ။ နက်ပြာရောင် အနောက်တိုင်းဝတ်စုံလေးနဲ့ ဘတ်ဟျွန်းက အိမ်ရှင်အဒေါ်ကြီးတိုက်တဲ့ အအေးကို ငြင်းဆန်ပြီး ရေနွေးကြမ်းသာ သောက်နေသည်။ အင်အားကြီးစီးပွားရေးသမားမိဘတွေရဲ့ အမွေဆက်ခံသူလေးက မမြင်ရတဲ့ မာနလေးနဲ့ ဆောင့်ကြွားကြွားလေး ။

”မာမီ သူက ဘယ်သူလဲ ”

လှေကားကနေဆင်းလာတဲ့ ကလေးတစ်ယောက်က လက်ထဲမှာ ဆော့စရာဂျုံတွေနဲ့ ။ မသိတဲ့ လူစိမ်းဧည့်သည်တွေကို လှေကားရင်းကနေ အူတူတူလေး ကြည့်နေတာ ဘတ်ဟျွန်း မြင်တော့ ခေါင်းလေးစောင်းကာ သူ့မာမီကို လှမ်းမေးလာသည်။

”ချန်းယောလ်လီ ဒီကိုလာ ”

အောက်ဆင်းလာတဲ့ ကလေးလေးရဲ့နာမည်က ချန်းယောလ်တဲ့ ။ ငယ်ငယ်ထဲက ဉာဏ်ကောင်းလွန်းတဲ့ ဘတ်ဟျွန်းအတွက် နာမည်လှလှလေးက မှတ်ဉာဏ်ထဲ ဆွဲထင်လာ၏ ။

ဘတ်ဟျွန်း လာလည်တဲ့ အိမ်ပိုင်ရှင်အဒေါ်ကြီးက လှမ်းခေါ်လိုက်တော့ မျက်လုံးမှိတ်မတတ်ရယ်ကာ အနားရောက်သွားသည်။

”ဒါက ချန်းယောလ်လီလေးရဲ့ ကိုကို ဘတ်ဟျွန်းနီ တဲ့ ”

သူ့ကို မျက်နှာမူကာ မိတ်ဆက်ပေးလာတာကြောင့် ဘတ်ဟျွန်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ဒါပေမဲ့ သူ့ကို မျက်စိမှိတ်မတတ်ပြုံးပြနေတဲ့ ချန်းယောလ်ဆိုတဲ့ ကလေးကြောင့် ဘတ်ဟျွန်း စိတ်ထဲ ထူးဆန်းသလိုပဲ ။
တော်ရုံဘယ်သူ့မှ သူ့ကို လာမပေါင်းရဲတာကို
ဒီကောင်လေးကတော့ ရယ်ပြနေသေးတယ် ။

”ကိုကို! ယောလ်နဲ့ တူတူဆော့ရအောင် ”

လက်ဖောင်းဖောင်းလေးတွေက သူ့လက်ကို လာထိသည်။ လက်ထဲက ဂျုံတွေကို သူ့လက်ထဲ ထည့်ပေးပြီး အားတဲ့လက်လေးနဲ့ သူ့လက်ကို ဆွဲကာ အပေါ်ထပ်ခေါ်နေတဲ့ ယောလ်ကြောင့် ဘတ်ဟျွန်းပြုံးလိုက်မိ၏ ။ သူတို့ကို ကြည့်နေတဲ့ မိဘတွေကလည်း သဘောကျနေပုံပါပဲ ။

Uncover <Completed>Where stories live. Discover now