”ချန်းယောလ်က ဒီကိုဘယ်လိုသိပြီးရောက်လာတာလဲ ”
ဘတ်ဟျွန်းရှိနေတဲ့အိမ်သည်ရိုးရာအိမ်ကြီးဖြစ်သည့်အလျှောက် ကြမ်းခင်းမှာသာ ထိုင်ရသည်။ စုပုံထားတဲ့ထဲက အဝါနဲ့ခရမ်းရောချုပ်ထားတဲ့ပိုးဖဲသားကူရှင်ကို ချန်းယောလ်ဘက် ဆွဲယူပေးရင်း သိချင်တဲ့အမေးကိုလည်း မေးလာ၏ ။
အိမ်ပေါ်ရောက်တာနဲ့ မျက်လုံးအကြည့်သေးသေးလေးတောင် မပေးတော့သူက ဘတ်ဟျွန်း အမေးစကားကို ကြားတာနဲ့ ဒုန်းဒိုင်းအသံပြုရင်း လှည့်ကြည့်လာသည်။
”ချန်းယောလ်? ခြံထဲကလို ဘာလို့ ယောလ်လေးလို့ မခေါ်တော့တာလဲ
.
.
ကိုကို!!! ”အေးစက်နေပြီဖြစ်တဲ့ရေနွေးကြမ်းခွက်ကို ကိုင်ပြီးကာမှ ပြန်ချလိုက်သည်။ အေးစက်သွားတဲ့ရေနွေးကြမ်းက အရသာမရှိတော့ပါ ။
ဘေးမှာ ပန်းအိုးနဲ့စိုက်ထားတဲ့ အပင်ပုလေးထဲ ရေနွေးလောင်းသွန်တာထိ ချန်းယောလ် မျက်စိမခတ်ကြည့်နေမိသည်။
”ကျွန်တော့ကို အဲ့ရေနွေးလို သောက်မကောင်းရင် သွန်ပစ်မှာတော့ မဟုတ်ဘူးမလား ”
”မယှဥ်သင့်တာကို ယှဥ်ရင် ကိုကိုအများကြီး စိတ်ဆိုးမှာနော် ယောလ် ”
ထိုတော့မှ တိခနဲရပ်သွားတဲ့ပါးစပ်လေးက ခပ်ပါးပါး ဆူကာ ကျန်ရစ်လို့...
”ဘာလို့ ရောက်လာတာလဲ ”
”ဘာလို့ ဆံပင်အရောင်ပြောင်းထားတာလဲ ”
တစ်ပြိုင်နက်ထွက်လာတဲ့ တစ်ယောက်စီမှ မေးခွန်းတစ်ခုစီ ။
”ကျွန်တော်မေးတာ အရင်ဖြေ
ကျွန်တော်က ကိုကို့ရဲ့ ဦးစားပေးခံမလား ””ကိုယ်မဖြေချင်ဘူး... ဒါက ရှက်ဖို့ကောင်းတယ်လို့ ခံစားရတယ် ”
ချန်းယောလ်ကို မော့ကြည့်လာပြီးမှ နောက်က ပန်းပန်းချီရေးဆွဲထားတဲ့ လိုက်ကာချပ်စီ အကြည့်ရောက်သွားကာ...
”ကိုယ် ပြန်ပြောင်းမှာမလို့ ကိုယ့်ယောလ်က မသိချင်ယောင်ဆောင်ပေးပါလား … ”
”မတော်ရသေးတဲ့ ယောက္ခမတွေကို မေးလာတာ
ကျွန်တော့ ယောကျ်ားဘယ်ရောက်နေလဲ သိလားဆိုပြီး ”
VOCÊ ESTÁ LENDO
Uncover <Completed>
Fanficချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek