ပြန်တော့မယ်...? လွယ်လွယ်ပြန်လို့ရမလား
ဒီတစ်ခါ လွယ်လွယ်ပြန်လွှတ်လိုက်ရမယ်ဆို သူကစောက်ရူးဖြစ်နေလို့ပဲ ။
မေမေတို့ဆီက အကြောင်းအရာကိုနားထောင်ပြီးတာနဲ့ စီးကျလာတဲ့မျက်ရည်တွေက မတားနိုင်မဆီးနိုင် ။မသွားရဘူး ။ အရင်က ဘာမှမသိတဲ့ကလေးတစ်ယောက်က ဆွဲမထားနိုင်ပေမဲ့ အခုတော့ မတူဘူး။ မရမက ဆွဲထားမည်။
အကယ်၍ ပါရီရောက်သွားပါပြီဆိုရင် ပြန်လိုက်ခေါ်မယ် ။ ငယ်ငယ်ကလို ငိုတာပဲတတ်နိုင်မဲ့ ကလေးတစ်ယောက်မဟုတ်တော့ဘူး ။
ကိုကိုပြန်သွားရင် ဒီတစ်ခါ ပါရီထိလိုက်ခေါ်မဲ့လူ ကျွန်တော်ပဲ ဖြစ်လိမ့်မယ်~~~
&&&&& U. N. C. O. V. E. R
"အဲ့ဒီ့ဘက်မှာ အခြေအနေ ဘယ်လိုလဲ "
"မနက် ပါရီသွားတဲ့ခရီးသည်စာရင်းမှာ မင်းရဲ့ဘတ်ဟျွန်းမပါဘူး
နေ့လည်တော့ စုံစမ်းနေတုန်းပဲ "စာကြည့်တိုက်ရောက်နေရမဲ့ သူငယ်ချင်းတွေက ချန်းယောလ်ကျေးဇူးနဲ့ လေဆိပ်ရောက်နေသည်။ အချစ်ရေးကို ပါရမီဖြည့်ပေးတဲ့ သူငယ်ချင်းတွေက အကူအညီတောင်းတာနဲ့ တန်းကူညီပေးတော့တာ။
"ချန်းယောလ်!! နေ့ခင်းချိန်ထဲ ပါနေတယ်
2 နာရီလေယာဥ် "ရုတ်တရက်အော်ပြောလိုက်တဲ့စကားမှာ ကားကို ဘရိတ်အုပ်လိုက်မိသည်။ အခု တစ်နာရီထိုးတော့မယ် ။ သူမသွားလောက်သေးပါနဲ့ဦး ။
လေဆိပ်သွားမဲ့ ကားဖြူလေးက ကွေ့ကြောယူပြီး အလောတကြီး နောက်ပြန်လှည့်သွားတော့၏။အရေးအကြောင်းဆို ဒုက္ခပေးမဲ့အရာကြီးပဲ ။
အိမ်နားရောက်ခါနီးမှ ဆီကုန်သွားတဲ့ကားကို ပိတ်ကန်ပစ်လိုက်သည်။ ထော့နဲ့နဲ့ဖြစ်သွားတဲ့ခြေထောက်ကို လက်နဲ့ ကိုင်ရင်း ခုန်ဆွခုန်ဆွဖြစ်နေတဲ့ ချန်းယောလ် ။
မတတ်နိုင်တော့ ။ ပြေးမှဖြစ်မယ်။
စိတ်တိုနေရမဲ့အချိန်ထက် ထွက်ပြေးမဲ့ မကောင်းတဲ့ ကိုကိုဆိုတဲ့လူကို လွတ်သွားမှာ ပိုကြောက်ပါသည်။မိုးရွာထားလို့ဖြစ်ပေါ်နေမဲ့ မြေနံ့သင်းသင်းကိုလည်း စိတ်မဝင်စားနိုင် ။
အပြေးတစ်ပိုင်းနဲ့ ပြေးနေတဲ့သူ့ကို လမ်းသွားလမ်းလာတွေက စူးစမ်းကြည့်နေတာတွေလည်း ဂရုမစိုက်နိုင်။ တစ်ယောက်သောသူကပဲ အာရုံတွေကို အပိုင်စားယူထားတော့လည်း...
![](https://img.wattpad.com/cover/275913980-288-k69683.jpg)
YOU ARE READING
Uncover <Completed>
Fanfictionချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek