Ep-4 (Uni/Zawgyi)

2.2K 265 39
                                    

Unicode 🦋
---------------








Fanmeeting ​နေ့မှာ Jennie ဆံပင်ညှပ်ဆိုင်သွားပြီး
​ခေါင်း​လျှော်ရင်း ဆံပင်ပုံစံကိုလည်း ပုံပြန်သွင်းခဲ့တယ်

​ကောင်မ​လေး ဂုဏ်ရှိ​အောင် ကိုယ့်ကိုယ်ကို ပြုပြင်ခဲ့​ပေမယ့်
Jennie က အလှအပ​ရေးရာမှာ​တော့ လုံးဝဝါသ​နာမပါဘူး

ဆံပင်ညှပ်ဆိုင်က​နေ ပြန်လာ​တော့ ​ဘေးအိမ်က
Irene က ခြံစည်းရိုးနား​လေးမှာ မတ်တပ်ရပ်​နေပြီး
မိမိ ကို မ​ကျေနပ်သလို ဘုအကြည့်နဲ့ ကြည့်​နေတယ်





" ငါလည်း လိုက်လို့မရဘူးလားဟာ "





" မလိုက်ခဲ့နဲ့ ~ ရှုပ်ရှုပ်ရှက်ရှက် "





လိုရင်းတိုရှင်း ပဲ ​ပြောပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်

အခန်းထဲမှာ ​ကောင်မ​လေးကြိုက်တဲ့ All black ဝတ်ပြီး
မှန်ကို တစ်ချက်ကြည့်လိုက်​တော့ Jennie ဟာ
ထိပ်တန်းအနုပညာရှင် တစ်​ယောက်လို တောက်​တောက်ပပ





" သွား​တော့မှာလား ?
အ​စောကြီးပဲ ~ မနက်စာစားသွားဦး "





" မစား​တော့ဘူး Omma !
သမီး ကို မုန့်ဖိုး​လေး​ပေးဦး​နော် လိုလိုပိုပို "





" လိုလို ပဲ ထားစမ်းပါ​အေ
တစ်ခါမှ ပိုတာလည်း မရှိဘဲနဲ့ "





သွားဖြဲပြလိုက်ပြီး မိခင်ဖြစ်သူကို
အာဘွား​ပေးရင်း အိမ်​က​နေ ထွက်လာခဲ့သည်















                          🦋       🦋       🦋







လက်သည်း​လေးကိုက်ရင်း Jennie
အ​ပေါက်ဝမှာ ငုတ်တုပ်​ထိုင်​နေမိတယ်

Fan-meeting ကို​ ရောက်လာကြတဲ့ ​
ကောင်လေး​တွေ အပါအဝင် ​ကောင်မ​လေး​တွေ က
Jennie ကို လှည့်ကြည့်လှည့်ကြည့် နဲ့ ခုန်ဆွဆွ

​ကြောက်လိုက်တာ ~ Irene လို လူစားမျိုး​တွေ​ပေါ့

ဆင်တာ​တွေ့တာနဲ့ လူရှင်းရင်
ခုန်အုပ်မယ်ဆိုတဲ့ ​ကျောချမ်းစရာ အကြည့်တွေ ~





" Tachi type ကြီးဟယ်
​ချောလိုက်တာ ~ ခန့်ညား​နေမှုကြီး "





Cruel Flowers (Season 3 ) : Dear Unnie , I Love You !Wo Geschichten leben. Entdecke jetzt