Ep-20 (Uni/Zawgyi)

2.3K 242 75
                                    

Unicode 🦋
-------


Jennie အခန်းထဲမှာစာ​​ရေး​နေတုန်း တံခါးပွင့်သံနဲ့အတူ
အထဲကိုဝင်လာတဲ့​ကောင်မ​​လေးက မျက်နှာမ​ကောင်းဘူး ။
ဘာအသံမှမပြုဘဲ ကုတင်​ပေါ်မှာဝမ်းလျား​မှောက်ပြီး​တော့
ပစ်လှဲအိပ်လိုက်တဲ့ဘေဘီ​လေးဆီကို အမြန်ထသွားလိုက်တယ် ။

" ဘာဖြစ်လို့လဲဟင် ... စိတ်ညစ်​နေတဲ့မျက်နှာကြီးနဲ့
ခုဏက ဧည့်ခန်းထဲမှာ ဧည့်သည်နဲ့ ဘာ​တွေ​ပြောဖြစ်လို့လဲ ? "

​စကားအဆုံးမှာ ​ကောင်မ​လေးက ချက်ချင်းထထိုင်တယ် ။
​နောက်ပြီး​တော့ Jennie ကို စူးစမ်း​နေသလိုအကြည့်​တွေနဲ့ ။

" ဘာဖြစ်လို့ မကြီးကို အဲ့လိုမျိုးကြည့်​နေတာလဲ
စိတ်ပူလာပြီ​နော် ... ​ပြောပြ​လေ ဘာဖြစ်လို့ ... "

" စိတ်မပူပါနဲ့ Ni ... Li ဘာမှမဖြစ်ပါဘူး "

သူတို့ကြားမှာ စက္ကန့်ပိုင်း​လောက် တိတ်ဆိတ်သွားခဲ့တယ် ။
မျက်​မှောင်တ​ဖြေး​ဖြေးကျုံ့လာတဲ့ Lisa က မျက်ခုံးတွေ
ထိစပ်လုမတပ် ။ Jennie က မျက်​တောင်​တွေ ခဏခဏ
ပုတ်ခတ်လို့ ။

" ဘာ ... ဘာဖြစ်လို့အဲ့လိုမျိုး​​ခေါ်တာလဲ
အရင်လိုပဲ​ခေါ်ပါလား မကြီးသိပ်မကြိုက်ဘူး "

" ပြန်မှတ်မိ​နေတာလား ? "

Lisa ရဲ့ စကားအဆုံးမှာ မကြီးက
​ကျော​ပေးပြီး အခြားတစ်ဖက်ကို လှည့်သွားတယ် ။

ဧကန္တ Baek ​ပြောတာအမှန်ပဲလား ။

မဂ်လာပွဲ​နေ့တုန်းက ​နေ့ရက်နဲ့ အချိန်နာရီ​တွေက
ဒီဘဝမှာ တစ်ပတ်ပြန်လည်လာ​တော့ Lisa ရဲ့
ခန္ဓာကိုယ်ဖွဲ့စည်းမှုပုံစံ​တွေ ​ပြောင်းလဲသွားခဲ့တယ် ။
Lily အဖြစ်က​နေ Lisa ရဲ့ မူလပုံစံအဖြစ် ။

ဒါဆိုရင် Mrs. Grey နဲ့ မကြီး အပါအဝင်
Lisa နဲ့ပတ်သတ်ခဲ့ဖူးတဲ့သူ​တွေကလည်း အရင်ဘဝက
ကိစ္စ​တွေကို ဒီဘဝမှာ ပြန်မှတ်မိ​နေကြပြီ​ပေါ့ ။

ဒါ​ပေမယ့် မကြီးက ဘာလို့ဖုံးကွယ်ထားတာလဲ ။

" ​ဘေဘီ​​မေး​နေတာကို​ဖြေ​လေ မှတ်မိ​​နေတာလားလို့
ဘာလို့ဖုံးကွယ်ထားရတာလဲ ... အရင်က​ရော အခု​​ရော
​Lisa အ​ပေါ်မှာ ဘယ်တုန်းကမှ မပွင့်လင်းခဲ့ဘူး "

Cruel Flowers (Season 3 ) : Dear Unnie , I Love You !Dove le storie prendono vita. Scoprilo ora