Unicode 🦋
------------Store ထဲကနေ Jennie ထွက်လာတော့
နေ့လည် ၁ နာရီ ရှိနေပြီ ။ ရိုက်ကူးရေးအတွက်
ထွက်သွားတဲ့ ကောင်မလေး ပြန်မရောက်ခင်
Jennie အိမ်ပြန်ဖို့ လိုတယ် ။ မိုးလင်းတော့ အိပ်ယာထဲ
တစ်ခါ ၊ မနက်စာစားတော့ တစ်ခါ ၊ သွားခါနီး တစ်ခါ ၊
ဖုန်းဆက်ပြီး တစ်ခါ အပြင်မထွက်ဖို့ ကောင်မလေးက
မှာသွားတယ် ။ Jennie က လိမ္မာ ပေမဲ့ ပါးစပ်ကလေးက
ဟော့ပေါ့ ကို တမ်းတနေတော့ ပစ်မထားရက်ဘူးလေ ။Taxi ခ ရှင်းပြီး အိမ်ထဲ တက်တက်ကြွကြွ ဝင်လာခဲ့တယ် ။
ဖိနပ်စင်ပေါ်က ကောင်မလေးဖိနပ် အပြာနုရောင်လေးကို
မြင်တော့ မပျော်တော့ဘူး ။ ဒါ ဒီနေ့ စီးသွားတဲ့ ဖိနပ်ကြီးပဲ ။" ဘေဘီလေး ပြန်ရောက်နေတာလား "
" ဝင်လာခဲ့ "
" ဟဲဟဲ ... မောလာတယ်မလား
ပျားရည်လေး မသောက်ချင်ဘူးလား "" ဘယ်ကပြန်လာတာလဲ "
" အော ... ဟော့ပေါ့ သွားဝယ်တာပါ "
" မှာလို့ ရနေတာပဲကို ဘာလို့ ထွက်ဝယ်ရတာလဲလို့ "
" ချက်ချင်းမှလာမပို့တာ ခုစားချင်နေတာကိုး "
ခေါင်းကို ဖိထားရင်း Lisa သွေးတက်ချင်လာတယ် ။
Mask တောင် မအုပ်ထားတဲ့ မကြီးက ရောဂါပြီးနေတဲ့ပုံပဲ ။" ရေသွားချိုးတော့ "
" စိတ်ဆိုးသွားတာလား "
" မဆိုးဘူး သွားတော့ "
" ဆိုးနေရက်သားနဲ့ "
" အနားမကပ်နဲ့လို့ ရေ အရင်သွားချိုး "
" ကြောက်တတ်လိုက်တာ "
ကားယားကားယား ပြေးသွားတဲ့
ဝက်ဝံပေါက်ကြီးကို ကြည့်ရင်း Lisa ခေါင်းခါလိုက်တယ် ။
ထို့နောက် မန်နေဂျာကို ဖုန်းခေါ်ရင်း ၁ လစာ မုန့်တွေ
အစုံ မှာလိုက်တယ် ။ အဓိက က မုန့်မစားရရင်
ပိုးလောက်လန်းလို တွန့်လိမ်နေတဲ့ မကြီး ငြိမ်သွားဖို့ပဲ ။
YOU ARE READING
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)