Unicode🦋
------------Jennie မနက် ၉ နာရီတိတိမှာ
ကောင်မလေး မနေ့ညက လှမ်းပို့လိုက်တဲ့
လိပ်စာအတိုင်း ရောက်လာခဲ့တယ်ဘယ် Fan မှ ဒီအိမ်ကို သိမှာမဟုတ်ဘူး
ကိုယ့်လို ကောင်မလေးဘာလုပ်လုပ် အမြဲမျက်စိဖွင့်
နားစွင့်နေတတ်တဲ့သူတောင် လုံးဝမသိဘူးဒါပေမယ့် စိတ်ထဲမှာ ဘာလို့
ရင်းနှီးနေတယ်လို့များ ခံစားနေရတာလဲ ?အရစ်ရှည်လွန်းတဲ့ ကိုယ့်ကိုယ်ကိုသာ
စိတ်ထဲမှာညည်းညူလိုက်ရင်း doorbell ကို
နှိပ်လိုက်တော့ ခဏအကြာမှာထွက်လာတဲ့သူကြောင့်
ပါးစပ်အဟောင်းသားလေးနဲ့ ကြည့်မိလိုက်တယ်Fan တွေ မြင်ရင် သွားရည်ချောင်းစီးလိုက်မယ့်ဖြစ်ခြင်း
အဖြူရောင်ကြိုးတစ်လုံးအက်ျီလေးက
ကောင်မလေးရဲ့တင်ပါးဖုံးရုံလောက်သာရှည်ပြီး
အောက်ဖက်မှာဘာဝတ်ထားသလဲဆိုတာ
သေချာမမြင်နိုင်လောက်တဲ့အထိ
ဘောင်းဘီက တင်ပါးဖုံးရုံထက်တောင်တိုမယ့်ပုံပဲ" အစောကြီးရောက်လာသားပဲ
ဘာကြောင်ကြည့်နေတာလဲ ~ အထဲဝင်လေ "Jennie ခေါင်းညိမ့်ပြလိုက်ပြီးတော့
ကောင်မလေး ရဲ့ အနောက်ဖက် ခပ်လှမ်းလှမ်း
အနေအထားကနေ လိုက်လာခဲ့တယ်မျက်လုံးတွေက အောက်ဖက်ကိုရောက်သွားတော့
နှလုံးသားနေရာလေးက ဓါတ်လိုက်သွားသလိုပဲ ~" ဧည့်ခန်းထဲမှာထိုင်နှင့်ဦးနော် unnie !
ဒါနဲ့ အပူသောက်မလား ~ အအေးသောက်မလား ? "" ရပါတယ် ~ ကော်ဖီပူပူလေးပဲသောက်မယ် "
ငြင်းစရာလား ~ Idol ဖျော်တိုက်မယ့် ကော်ဖီလေ
မသောက်ဘူးလို့ပြောလိုက်ရင်း မကြီး ညံ့ရာကျမှာပေါ့ကောင်မလေး က နှုတ်ခမ်းတစ်ဖက်တည်းကို
တွန့်ကွေးသွားအောင်ပြုံးရင်း အထဲကိုဝင်သွားတယ်Jennie အိမ်ထဲမှာ မျက်လုံးကစားကြည့်ပေမယ့်
အနုပညာအလုပ် နဲ့ ပတ်သတ်တဲ့ ဘားမှမတွေ့ဘူး
ဒီအိမ်ဟာ အနားယူဖို့သက်သက် ဝယ်ထားတာဖြစ်မယ်
ESTÁS LEYENDO
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)