Unicode 🦋
------------Lisa မိမိကိုယ်ပိုင် ခရီးဆောင်အိတ်ကလေးဆွဲရင်း
မကြီးရဲ့အိမ်ပေါ်ကို ရောက်လာခဲ့တယ် ။
အမှိုက်ပုံထဲမှာနေရလည်း မကြီးကိုချစ်ရဲပါတယ်ဆိုတဲ့
အချစ်သူရဲကောင်းပုံစံက အပြည့်အဝပင် ။
သို့ပေမယ့် သူ့အချစ်ကြီးက မကြီးရဲ့အခန်းထဲ
ရောက်ရောက်ချင်းမှာပင် ပြုတ်ကျသွားခဲ့ရတယ် ။" တွေ့လား ရှင်းလည်းမရှင်းထားဘူး "
" မကြီး အခုရှင်းမယ်နော်
ပူတူတူးလေးက Game ဆော့ပြီးစောင့်နေ "" အတူလုပ်မယ် "
အက်ျီလက်ကိုခေါက်တင်ရင်း Lisa
ပျံ့ကျဲနေတဲ့ အဝတ်တွေကိုစကောက်ကာ
ခြင်းတောင်းထဲထည့်တယ် ။ Jennie က
စာအုပ်နဲ့ ပုံဆွဲကိရိယာတွေကို သေချာ ပြန်စီတယ် ။တစ်ခါမှမလုပ်ဖူးတဲ့အလုပ်တွေကို မကြီးနဲ့မှ
လုပ်နေရသူမို့ စိတ်ကမရှည်ဘဲ ဆောင့်အောင့်သံတွေက
ဆူညံလျက် အခန်းထဲမှာ ဗြောင်းဆန်နေခဲ့တယ် ။အခန်းကမကျယ်သော်ငြား ကြွက်နှာခေါင်းပေါက်ထဲလည်း
မပါ၊ သို့သော် နှစ်ယောက်သားနှုတ်ခမ်းတွေက
ထူးထူးကဲကဲ လမ်းကြုံစွာပင် ဝင်ဝင်တိုက်ကြတယ် ။အခန်းကို အကြမ်းထည်ရှင်းပြီးတော့
ဖုန်တွေသဲတွေကို တံမြတ်စည်းလှဲဖို့ Lisa ပြင်နေတုန်း
မကြီးက ကုတင်ခြေရင်းမှာ ဒေါင်းနေပြီ ။" မနက်ဖြန်မှ လုပ်ကြရအောင် ပင်ပန်းတယ်လို့ "
" ဖုန်စုတ်စက်ယူပြီး နံရံမှာဖုန်သွားစုတ် "
" ဧည့်သည်ကလည်း သိပ်အာဏာပြတာပဲ "
Lisa ရဲ့ ခါးကိုဖက်ရင်း ညှောင်နာနာ
ချွဲပြနေတဲ့ မကြီးကို မျက်စောင်းလှမ်းထိုးလိုက်တော့မှ
သွားဖြဲပြကာ အလုပ်ဆက်လုပ်တယ် ။အလုပ်တွေပြီးတဲ့အချိန် Jennie
အိပ်ယာပေါ် ဘုန်းခနဲ ပစ်လှဲချလိုက်တယ် ။
သူသိပ်ပင်ပန်းနေပြီ၊ ခန္ဓာကိုယ်က
သေလောက်အောင် ရိုက်နှက်ခံထားရသလိုပဲ ။
YOU ARE READING
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)