Unicode 🦋
-------------မကြီး နဲ့ Lisa စကားများနေရတယ် ။ မကြီးက Lisa အတွက်
Fan တွေ စီစဥ်ပေးတဲ့ ပွဲကို သွားဖို့ဆိုပြီးတော့ တက်ကြွနေတာ ။" မကြီးက အဓိပ္ပါယ်မရှိတာ
လူအကောင်လိုက်ကြီးက နားရက်ရတုန်း ကပ်မလို့ပါဆို
မကြီးက poster တွေကို သွားပြီးပြေးဖက်မလို့လား "" အဲ့လိုတော့မပြောနဲ့လေ ရည်းစားထားမိတာနဲ့ပဲ
Fangirl ဘဝကို စွန့်လွှတ်ရမှာတဲ့လား ... No ပါနော် No
လုံးဝ လာမပိတ်ပင်နဲ့ ချစ်တာက ချစ်တာပဲ "" ဟ ... မဟုတ်ဘူးလေ
မကြီးထားတဲ့ ရည်းစားက Lisa လေ "" အေးလေ သိတာပေါ့မကြီးက
ကိုယ့်ရည်းစားကိုယ်မသိရအောင် ငတုံးထင်နေတာလား "" အဲ့ဒါမို့ ခု ရန်ဖြစ်နေတာပဲမလား Lisa အတွက်
လုပ်တဲ့ ပွဲသွားဖို့ Lisa ကို ထားခဲ့မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ "" မကြီးက ကောင်မလေးရဲ့ Fan လေ
ကိုယ့်ရည်းစားက ကြိုက်တာကို
ပါရမီမဖြည့်ပေးရင်တောင် လိုက်တော့ မတားသင့်ပါဘူး "" တကယ်ပဲ သွေးတက်လို့သေမယ်
ဘာလဲ Lisa က ကိုယ့်ကိုယ်ကို ပြန်ပြီးအားပေးနေရမှာလား
Support နေရမှာလား ... ပါရမီမဖြည့်ပေးဘူး ဟုတ်လား
အကောင်လိုက်ကြီးပေးထားလို့ အခု မကြီးရဲ့ အခန်းထဲမှာ
မကြီးရဲ့ ရည်းစားအဖြစ် ရောက်နေတာမဟုတ်ဘူးလား
ဘယ်လို ပါရမီ ဖြည့်ပေးစေချင်တာလဲ
Concert ရှိရင် ကိုယ့်ပွဲလက်မှတ် ကိုယ် ဝင်တိုးဝယ်ပြီး
Fan တွေလုပ်တဲ့ ပွဲလက်မှတ်တွေ လိုက်ဝယ်
ကိုယ့်ပုံကြီး ကိုယ်ကိုင်ပြီး လိုက်ဝုန်းပေးရမှာလား
Lisa က အဲ့လို လုပ်ပေးရမှာလား ... ဟမ် "" မကြီး အဲ့လိုမပြောပါဘူး အခု မကြီးက ကိုယ့် Idol ပွဲ
သွားမှာကို ကောင်မလေးက မသွားရဘူးဆိုလို့ ပြောနေတာလေ "" အဲ့ Idol က မကြီးရှေ့
အရှင်လတ်လတ်ကြီးရှိနေတယ်လေ "" ဟုတ်သားပဲနော် "
" နားလည်ပြီမလား မသွားနဲ့တော့နော် "
YOU ARE READING
Cruel Flowers (Season 3 ) : Dear Unnie , I Love You !
RomanceDear Unnie , I Love You ( 🦋 ) (Thanks to the author eternallyixing for letting me use some parts of your fic 💛)